ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် တတိယအချက်သည် “စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်” ဟူ၍ဖြစ်ကြောင်း၊ မိမိတို့ သည် အခြေခံဥပဒေအရ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိပြီး တပ်မတော်အနေဖြင့် လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်ရန်တာဝန်ရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဲပေးသည့်အချိန်တွင် မဲပေးခွင့်ရှိသူများအနက် ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းထောက်ခံမဲပေးခဲ့ပြီး အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ရှိအခြေအနေနှင့် သင့်လျော်သည့် လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်ရမည်ကို မိမိတို့အနေဖြင့် လက်ခံပြီးဖြစ်ကြောင်း၊ ပြင်ဆင်သင့်သည်များကိုပြင်ဆင်ပြီး မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကိုသွားရမည်ဖြစ်သဖြင့် လွှတ်တော်လမ်းကြောင်းကို မဖြစ်မနေသွားရမည်ဖြစ်ကြောင်း၊ထို့ကြောင့် နိုင်ငံရေးပါတီများ ပြင်ဆင်ဖွဲ့စည်းရန်လိုအပ်သည့်အတွက် ပြီးခဲ့သည့်လတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရန် ဥပဒေကိုလည်း ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ကြောင်း၊ အမှန်တကယ် နိုင်ငံရေးလုပ်ဆောင်လိုသူများလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားသည့်အစည်းအဝေးတွင် ပြောကြားသည့်အမှာစကား (၉- ၂-၂၀၂၃)
- Post author:NSPNC
- Post published:February 9, 2023
- Post category:ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ
Please Share This Share this content
You Might Also Like

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံစဉ် ပြောကြားသည့်အမှာစကား ကောက်နုတ်ချက် (၃၁- ၃-၂၀၂၃)

တာချီလိတ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၂၈−၃−၂၀၂၁)
