နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၂/၂၀၂၃) တွင် ပြောကြားသည့်အမှာစကားကောက်နုတ်ချက် (၂၃ -၂ -၂၀၂၃)
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်လျက်ရှိ ရှေ့လုပ်ငန်းစဉ် တတိယအချက်အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကိုဆက်လက် ဆောင်ရွက်သွားမည်ဟူ၍ဖြစ်ပြီး နိုင်ငံရေးအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကာ အုပ်ချုပ်ရေးအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို ကျင့်သုံးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် လျော်ကန်သင့်မြတ်သည့်အုပ်ချုပ်မှုအာဏာကို မဖြစ်မနေခွဲဝေပေးရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ် အုပ်ချုပ်ရေးဟူသည်မှာ…