You are currently viewing စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၃/၂၀၂၁) တွင် ပြောကြားသည့်အမှာစကား ကောက်နုတ်ချက် (၁၁-၃-၂၀၂၁)

စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၃/၂၀၂၁) တွင် ပြောကြားသည့်အမှာစကား ကောက်နုတ်ချက် (၁၁-၃-၂၀၂၁)

     ဝန်ကြီးဌာနများတွင် ဝန်ထမ်းများတာဝန်ထမ်းဆောင်မှု၊ လုပ်ငန်းများဆောင်ရွက်မှုနှင့်ပတ်သက်၍ မိမိတို့သည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို သွားနေခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်သည် ဝါဒမဟုတ်ဘဲ ကျင့်စဉ်တစ်ခုသာဖြစ်ပြီး ဝန်ကြီးဌာနများအနေဖြင့်  ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။

       ဒီမိုကရေစီစနစ်ကိုသွားရာတွင် ပရမ်းပတာဆောင်ရွက်၍ မရဘဲ စည်းကမ်းနှင့်သာသွားရန်လိုကြောင်း၊ ထို့ကြောင့်လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိစေရန်အတွက် မိမိတို့ သက်ဆိုင်ရာဌာနအလိုက် ဒီမိုကရေစီကျင့်စဉ်နှင့်အညီသာ ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။