တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အနှစ်သာရဖြစ်ပြီး မိမိတို့ငယ်စဉ်က အတန်းပညာ သင်ကြားစဉ်ကပင် အတန်းခေါင်းဆောင် ရွေးချယ်ခန့်ထားရာ၌ အများ၏ဆန္ဒဖြင့် ရွေးချယ်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ယခုဆောင်ရွက်ခြင်းသည် ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက်ခြင်းဖြစ်သဖြင့် ပိုမိုအရေးကြီးပါကြောင်း၊ ယခင်တပ်မတော်အစိုးရလက်ထက် တပ်မတော်အနေဖြင့် မိမိတို့နိုင်ငံကို ဒီမိုကရေစီ မကူးပြောင်းမီကာလများတွင် နိုင်ငံတကာတွင်ကျင့်သုံးလျက်ရှိသည့် ဒီမိုကရေစီကျင့်သုံးပုံများကို လေ့လာပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအဆင့်ဆင့်ကို ပုံဖော်ခဲ့ရကြောင်း၊ ထို့နောက် ပြည်သူတို့ လိုလားတောင့်တသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် လုပ်ဆောင်ပေးခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ဒီမိုကရေစီနည်းလမ်းကျစွာဖြင့် အောင်မြင်စွာ လုပ်ဆောင်ပေးနိုင်ခဲ့ပါကြောင်း၊ ရွေးကောက်ပွဲပြီးနောက် သမ္မတဦးသိန်းစိန် လက်ထက်တွင် နိုင်ငံတော်သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် ကဏ္ဍပေါင်းစုံတွင် တိုးတက်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခဲ့သော်လည်း စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရကြောင်း၊ ဒီမိုကရေစီစနစ်ကို စတင်လျှောက်လှမ်းခဲ့ခြင်းဖြစ်သဖြင့် ဒီမိုကရေစီစနစ်နှင့်ပတ်သက်၍ နားလည်သိရှိနိုင်ရန် လိုအပ်မှုများရှိခဲ့ပါကြောင်း၊ ဒီမိုကရေစီနိုင်ငံများတွင် မဲမသမာမှုပြုလုပ်ပြီး ရွေးကောက်ပွဲအနိုင်ရရန် လုပ်ဆောင်ခြင်းသည် မည်သည့်နိုင်ငံကမျှ လက်ခံ၍ ရနိုင်မည်မဟုတ်သည့် လုပ်ရပ်ဖြစ်ပြီး ဒီမိုကရေစီကို ပြက်ရယ်ပြုစော်ကားခြင်ပင်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာဝန်ထမ်းများအားတွေ့ဆုံပြောကြားသည့်အမှာစကားကောက်နုတ်ချက် (၄-၄-၂၀၂၁)
- Post author:NSPNC
- Post published:April 4, 2021
- Post category:ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ
- Post comments:0 Comments
Please Share This Share this content
You Might Also Like

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၇/၂၀၂၂) တွင်ပြောကြားသည့် အမှာစကားကောက်နုတ်ချက် (၁၆-၈-၂၀၂၂)

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၁) ကောက်နုတ်ချက် (၃-၃-၂၀၂၁)
