နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံမှ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
01/04/2024ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူ အပေါင်းတို့ခင်ဗျားပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်အခါသမယတွင် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်လျက်ရှိကြသော တိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြီးပြည့်စုံကြပါစေကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။မြန်မာနိုင်ငံရှိ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများအားလုံးသည် ရှေးနှစ်ပေါင်းများစွာကပင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရင်း ကိုယ့်ထီးကိုယ့်နန်းဟူသော အရိပ်အာဝါသအောက်တွင် ခံ့ညားထည်ဝါစွာ ရပ်တည်နေထိုင်ခဲ့ကြပါသည်။ သို့ရာတွင် ကမ္ဘာပေါ်၌ ကျယ်ပြန့်စွာ စိုးမိုးဗိုလ်ကျလာခဲ့သော ကိုလိုနီစနစ်ဆိုးကြီးကြောင့်…
