အခမ်းအနားကျင်းပသည့်နေ့ရက်၊ အချိန်၊ နေရာ
၁။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားအား နံနက် ၀၉:၀၀ နာရီ အချိန်တွင် မြန်မာအပြည်ပြည်ဆိုင်ကွန်ဗင်းရှင်းဗဟိုဌာန(MICC-II) နေပြည်တော်၌ လက်တွေ့ကျကျ အဓိပ္ပာယ်ရှိရှိ စီစဉ်ကျင်းပနိုင်ရန်အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ကို အထောက်အကူပြုနိုင်ရန်အတွက် အောက်ပါလုပ်ငန်းကော်မတီ (၁၂) ရပ်ကို ဖွဲ့စည်း၍ ဆောင်ရွက်ခဲ့ပါသည်-
(က) ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်းကော်မတီ
(ခ) ဖိတ်ကြားရေးလုပ်ငန်းကော်မတီ
(ဂ) ကြိုဆိုနေရာချထားရေးနှင့် တည်းခိုနေထိုင်ရေးလုပ်ငန်းကော်မတီ
(ဃ) သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ
(င) အခမ်းအနားများပြင်ဆင်ရေးလုပ်ငန်းကော်မတီ
(စ) အခမ်းအနားများကျင်းပရေးလုပ်ငန်းကော်မတီ
(ဆ) ခန်းမတွင်းနေရာချထားရေးလုပ်ငန်းကော်မတီ
(ဇ) ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီ
(ဈ) လုံခြုံရေးလုပ်ငန်းကော်မတီ
(ည) ကျန်းမာရေးလုပ်ငန်းကော်မတီ
(ဋ) သတင်းပြန်ကြားရေး၊ မှတ်တမ်းဆိုင်ရာနှင့် ပြခန်းခင်းကျင်းပြသရေးလုပ်ငန်းကော်မတီ
(ဌ) NCA အလုပ်ရုံဆွေးနွေးပွဲကျင်းပရေးလုပ်ငန်းကော်မတီ
အခမ်းအနားတက်ရောက်သူများ
၂။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားအား အောက်ပါအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်-
(က) အစိုးရအဖွဲ့အစည်းများနှင့်ဆက်စပ်အဖွဲ့အစည်းများ- ၁၉၉ ဦး
(ခ) NCA နှင့် ဆက်စပ်သည့် အဖွဲ့များ၊ လူပုဂ္ဂိုလ်များ- ၁၁၃ ဦး
(ဂ) မြန်မာနိုင်ငံအခြေစိုက်သံရုံးနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ- ၃၁ ဦး
(ဃ) နိုင်ငံရေးပါတီများ- ၁၀ ဦး
(င) ပါဝင်သင့်ပါဝင်ထိုက်သူများ- ၃၄ ဦး
(စ) အစိုးရမဟုတ်သောအဖွဲ့အစည်းများ (ပြည်တွင်း/နိုင်ငံတကာ) (NGO/INGO)- ၁၀ ဦး
(ဆ) တိုင်းရင်းသားရိုးရာအကအဖွဲ့များ- ၁၉၅ ဦး
(ဇ) ဗမာအကအဖွဲ့ – ၃၅ ဦး
(ဈ) ပြန်ကြားရေးဝန်ကြီးဌာနမှ ကြိုဆိုရေးနှင့်အကအဖွဲ့များ- ၂၅ ဦး
(ည) ဝန်ကြီးဌာနမှ ဝန်ထမ်းများ- ၂၇၁ ဦး
(ဋ) ကျောင်းသား/ ကျောင်းသူများ- ၃၀၀ ဦး
စုစုပေါင်း – ၁၃၀၀ ဦး
မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်သည့် အစီအစဉ်
၃။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားအား တိုင်းရင်းသားများနှင့်အတူ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခြင်း အစီအစဉ်အား စဝ်ယွက်စစ် (ဘယ်အစွန်)၊ စောမူတူးစေးဖိုး (ဘယ်)၊ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (အလယ်)၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် (ညာ)၊ စိုင်းမျိုးသန့် (ညာအစွန်)တို့မှ ဖွင့်လှစ်ပေးခဲ့ပါသည်။
မုခ်ဦးအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်သည့်အစီအစဉ်
၄။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနား မုခ်ဦးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မှ စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်အကြီးအကဲနှင့် ဧည့်သည်တော်များ NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။
နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပခြင်း အစီအစဉ်
၅။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားအား အောက်ပါ အစီအစဉ်များအတိုင်း ဆောင်ရွက်ခဲ့ပါသည်-
(က) အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာခြင်းနှင့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် LED Animation ဖြင့် စတင်ဖွင့်လှစ်ခြင်း၊
(ခ) နိုင်ငံတော်အလံအား စုပေါင်းအလေးပြုခြင်း၊
(ဂ) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ် လည်နေ့ကို ဂုဏ်ပြုဖော်ကျူးထားသည့် “ငြိမ်းချမ်းသောပန်းကမ္ဘာဆီသို့” တေးသီချင်း အား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အကအဖွဲ့က ဖျော်ဖြေတင်ဆက်ခြင်း၊
(ဃ) NCA ပေါ်ပေါက်လာပုံနှင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ပုံဖော်ထားသည့် “NCA မှ သည်ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးဆီသို့” Video Clip အား ပြသခြင်း
(င) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ဆိုင်ရာ မိန့်ခွန်းပြောကြားခြင်း
(စ) NCA လက်မှတ်ရေးထိုးထားသော ကရင်တိုင်းရင်းသား ခေါင်းဆောင် စောမူတူးစေးဖိုး က NCA နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစကားပြောကြားခြင်း
(ဆ) ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က NCA နှစ်ပတ် လည်နေ့အထိမ်းမှတ် ဂုဏ်ပြုစကားပြောကြားခြင်း
(ဇ) NCA လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံတကာ အသိသက်သေများ၏ ကိုယ်စားလှယ်၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွမ်း က NCA နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစကား ပြောကြားခြင်း
(ဈ) အိန္ဒိယနိုင်ငံ၊ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် H.E. Mr. Vikran Misri က NCA နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစကား ပြောကြားခြင်း
(ည) ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Sihasak Phaungketkeow က NCA နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစကား ပြောကြားခြင်း
(ဋ) NCA လက်မှတ်ရေးထိုးခဲ့သည့် ပြည်တွင်း အသိသက်သေ ဦးအောင်မင်း က NCA နှစ်ပတ် လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစကားပြောကြားခြင်း
(ဌ) NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခြင်း
(ဍ) တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဂုဏ်ပြုဖော်ကျူးထားသည့် “ငြိမ်းချမ်းရေးလက်မြဲမြဲဆက်” တေးသီချင်းအား ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုင်းရင်းသား/ တိုင်းရင်းသူများက သရုပ်ဖော်အကဖြင့် ဖျော်ဖြေတင်ဆက်ခြင်း
(ဎ) ကချင်ပြည်နယ်မှ တိုင်းရင်းသား/သူများက “ပြည်ထောင်စုရဲ့ မြောက်ဘက်ဆီသို့ အလည် လာ ပါ” တေးသီချင်းဖြင့် သရုပ်ဖော် ကပြ ဖျော်ဖြေတင်ဆက်ခြင်း
(ဏ) ကယားပြည်နယ်မှ တိုင်းရင်းသား/သူများက “ကယားတို့၏ သဘာဝအလှနှင့် စုပေါင်းအက” တေးသီချင်းဖြင့် သရုပ်ဖော် ကပြ ဖျော်ဖြေတင်ဆက်ခြင်း
(တ) ချင်းပြည်နယ်မှ တိုင်းရင်းသား/သူများက “စည်းလုံးခြင်း” တေးသီချင်းဖြင့် သရုပ်ဖော် ကပြ ဖျော်ဖြေတင်ဆက်ခြင်း
(ထ) ကရင်ပြည်နယ်မှ တိုင်းရင်းသား/သူများက “ငြိမ်းချမ်းရေး ဝေဆာ ပြည်မြန်မာ” အကဖြင့် သရုပ်ဖော် ကပြ ဖျော်ဖြေတင်ဆက်ခြင်း
(ဒ) သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီး ဌာနမှ “အ အက္ခရာ အောင်ပါစေ” တေးသီချင်းဖြင့် သရုပ်ဖော် ကပြ ဖျော်ဖြေတင်ဆက်ခြင်း
(ဓ) မွန်ပြည်နယ်မှ တိုင်းရင်းသား / သူများက “ဝန်းရံကြမည် အမိမြန်ပြည်” တေးသီချင်းဖြင့် သရုပ် ဖော် ကပြ ဖျော်ဖြေ တင်ဆက်ခြင်း
(န) ရခိုင်ပြည်နယ်မှ တိုင်းရင်းသား /သူများက “လည်ဇောင်လာပါ ပြည်ဓညာ” တေးသီချင်းဖြင့် သရုပ်ဖော် ကပြ ဖျော်ဖြေ တင်ဆက်ခြင်း
(ပ) ရှမ်းပြည်နယ်မှ တိုင်းရင်းသား/သူများက “ရှမ်းတောင်တန်း အလှနှင့် ရှမ်းတို့ရိုးရာအက” တေးသီချင်းဖြင့် သရုပ်ဖော် ကပြ ဖျော်ဖြေတင်ဆက်ခြင်း
(ဖ) ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနတို့မှ အကအဖွဲ့များနှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့များ စုပေါင်း၍ “သွေးရင်းများပီပီ” တေးသီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ခြင်း။
(ဗ) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က တိုင်းရင်းသား အကအဖွဲ့များအား “ငြိမ်းချမ်းရေး ဂုဏ်ပြုပန်းခြင်း” ပေးအပ်ခြင်းနှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များက တိုင်းရင်း သား အကအဖွဲ့များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း။
(ဘ) အခမ်းအနားပြီးမြောက်ကြောင်း ကြေညာခြင်း။
(မ) ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခြင်း။