ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူက ၎င်းတို့အားကိုယ်စားပြုသူများကို ကိုယ်တိုင်ရွေးချယ်ပေးပြီး အုပ်ချုပ်စေသည့်စနစ်ပင်ဖြစ်ပါသည်။ ဖက်ဒရယ်စနစ်ဆိုသည်မှာလည်း မတူကွဲပြားနေသည့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ လူမျိုးများ၊ လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆသဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ဆိုရတွင် ပြည် ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူများကရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်တွင် ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူများ အတူတကွပေါင်းစည်းနေထိုင်ပြီး တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အခြေခံဥပဒေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များရရှိစေမည်ဖြစ်ပါသည်။ သို့မှသာ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ပေါ်လာမည်ဖြစ်ပြီး မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း တိုင်းရင်းသားပြည်သူများ၏ဆန္ဒနှင့်အညီဖြစ်စေရေးဦးတည်ချက်နှင့် လုပ်ငန်းစဉ်များကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပါသည်။
ယနေ့အချိန်ကာလသည် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည် ထောင်စုကြီးတည်ဆောက် နိုင်ရေးအတွက် မဖြစ်မနေလိုအပ်သော တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးဖော်ဆောင်နေသည့် အချိန်အခါဖြစ်ရာ ယခုကဲ့သို့ ထူးမြတ်သော (၇၅) နှစ် မြောက်စိန်ရတု ကချင်ပြည်နယ်နေ့ အခါသမယတွင် ကချင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးကလည်း တရားမျှတခြင်း၊လွတ်လပ်ခြင်း၊ သာတူညီမျှအခွင့်အရေးရရှိခြင်းဟူသည့် အနှစ်သာရများဖြင့် ပြည့်စုံပိုင်ဆိုင် နိုင်ကြပါစေကြောင်း မေတ္တာပို့သပါသည်။