မိမိတို့အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက် အဖြစ်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်တပ်မတော် အစိုးရလက်ထက်တွင် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီဟူသည်မှာ ဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အညီ အများဆန္ဒနှင့်အညီ စီမံအုပ်ချုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အများဆန္ဒနှင့်အညီဟု ဆိုသော်လည်း ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ပြီး “လူညီရင် ဤကို ကျွဲဖတ်သည်” ဟူသည့် ပုံစံမျိုးသွား၍မရကြောင်း၊ ဖက်ဒရယ်စနစ်ဟူသည်မှာ အဆင့်ဆင့်လုပ်ပိုင်ခွင့်များကို ခွဲဝေကျင့်သုံးခြင်းပင်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် လျော်ကန် သင့်မြတ်သည့်အုပ်ချုပ်မှုအာဏာကို ခွဲဝေပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးသည့်အချိန်တွင် လိုအပ်ချက်များကိုပြန်လည်ဆွေးနွေးပြီး ပြည်ထောင်စုနှင့်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆောင်ရွက်ရမည်များကို ဆွေးနွေးဆုံးဖြတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဆိုင်ရာလုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ဇယား (၁၊၂၊၃၊၅) ပါ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသတို့မှပြဋ္ဌာန်းရမည့်ထုတ်ပြန်ရမည့် ဥပဒေများ၊ စည်းမျဉ်းများ၊ လုပ်ထုံး လုပ်နည်းများ ပြည့်စုံစွာဆောင်ရွက်နိုင်မှုမရှိသေးသည်ကို လေ့လာတွေ့ရှိနိုင်ကြောင်း၊ မိမိတို့ တာဝန်ယူချိန်တွင် ဒီမိုကရေစီနှင့်ဖက်ဒရယ်အုပ်ချုပ်မှု အာဏာခွဲဝေမှုအားလုံးကို အကောင်အထည်ဖော်နိုင်သမျှ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံစဉ် ပြောကြားသည့်အမှာစကား ကောက်နုတ်ချက် (၃၁- ၃-၂၀၂၃)
- Post author:NSPNC
- Post published:March 31, 2023
- Post category:ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ
Please Share This Share this content
You Might Also Like

(၆၈) နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက် (၇-၁၁-၂၀၂၃)

၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျင်းပသော (၇၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း ကောက်နုတ်ချက် (၂၇- ၃-၂၀၂၃)
