ယနေ့မိမိတို့နိုင်ငံတွင် နိုင်ငံရေးအရ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာပြီး တပ်မတော်က အခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရက နိုင်ငံ့တာဝန်များကို ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည် ချက်(၉)ရပ်၊ အမျိုးသားရေးလုပ်ငန်းစဉ်(၂)ခု၊ နိုင်ငံရေးလုပ်ငန်းစဉ်(၂)ခုတို့နှင့်အညီဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ ထို့အပြင်မြန်မာပြည်သူလူထု၏ ပြင်းပြသည့် ဆန္ဒဖြစ်သော “စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်” ကို မယိမ်းယိုင်အောင် ကာကွယ်ပေးနေသည်ကိုလည်းတွေ့ရကြောင်း၊ “ပြည်သူ့ဒီမိုကရေစီစနစ်” နှင့် “အမျိုးသားဒီမိုကရေစီစနစ်” ကို ဘက်ညီမျှတအောင်ဆောင်ရွက်ပေးနေသည်ကိုတွေ့ရကြောင်း၊ အနာဂတ်ပြည်ထောင်စုနိုင်ငံတော်ကြီးခိုင်မာစေရေး “ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု” အုတ်မြစ်ကို တည်ဆောက်နေသည်ကိုလည်း တွေ့ရကြောင်း။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂)တွင် ပြောကြားသည့်အမှာစကား ကောက်နုတ်ချက် (၃၁-၇-၂၀၂၂)
- Post author:NSPNC
- Post published:July 31, 2022
- Post category:ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ
Please Share This Share this content
You Might Also Like
နစကဥက္ကဋ္ဌရုံး၌ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအား တွေ့ဆုံစဉ် ပြောကြားသည့်အမှာစကား ကောက်နုတ်ချက် (၆-၁ -၂၀၂၃)
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၅) ကျောင်းသား၊ကျောင်းသူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ငုရွှေဝါခန်းမ၌ တွေ့ဆုံပြောကြားသည့်အမှာစကားကောက်နုတ်ချက် (၂၄-၄-၂၀၂၃)
