လက်ရှိအချိန်ကာလမှာ ကျွန်တော်တို့နိုင်ငံဟာ ပြည်သူလူထုရဲ့ ဆန္ဒဖြစ်တဲ့ “စစ်မှန်စည်းကမ်း ပြည့်ဝတဲ့ပါတီစုံဒီမိုကရေစီစနစ်”ကို လျှောက်လှမ်းနေတာဖြစ်ပါတယ်။ ဒီမိုကရေစီလို့ဆိုရာမှာ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားရေးစရိုက်လက္ခဏာနဲ့ ယဉ်ကျေးမှုကို ထိခိုက်မှုမရှိစေတဲ့ ပညာရေးစနစ်မျိုး၊လေ့လာသင်ယူနိုင်တဲ့ အခြေအနေမျိုးတွေကို ဖန်တီးဆောင်ရွက် နိုင်ဖို့လိုပါမယ်။ ဒီမိုကရေစီ နိုင်ငံရေးကို သင်ကြားဖို့မဟုတ်ဘဲ ဒီမိုကရေစီ အလေ့အကျင့်ကောင်းတွေကို သင်ကြားပေးနိုင်မယ့် ကောင်းမွန်တဲ့ပညာရေးစနစ်၊ စဉ်ဆက်မပြတ် လေ့လာနိုင်တဲ့စနစ်ကို လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက် နိုင်ငံသားတိုင်း ပညာရည်ပြည့်ဝဖို့ လိုပါမယ်။ မြန်မာနိုင်ငံသား ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ပြောခဲ့တဲ့ ဒီမိုကရေစီနဲ့ပညာရေး အဆက်အစပ်ဟာသတိပြုဖွယ်ဖြစ်ပါတယ်။ “တိုင်းပြည် အုပ်ချုပ်ရေးစနစ်များအနက် ဒီမိုကရေစီစနစ်ဟာ အခက်ခဲဆုံးဖြစ်တယ်။ ဒီမိုကရေစီ အောင်မြင်ဖို့ ပြည်သူပြည်သားတွေက အသိဉာဏ်ပညာနဲ့ ဆင်ခြင်တုံတရား လုံလောက်စွာရှိရမယ်၊ ပညာရေးသည် နိုင်ငံတော်၏အခြေခံအစစ်ဖြစ်တယ်။ အသိဉာဏ်ကင်းမဲ့တဲ့နိုင်ငံမှာ ဒီမိုကရေစီစနစ်ဟာ ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မယ်” လို့ ပြောခဲ့ဖူးတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးရည်မှန်း ချက်နှစ်ရပ်ဖြစ်တဲ့ “ပါတီစုံ ဒီမိုကရေစီစနစ်” ခိုင်မာရေးနဲ့ “ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိအခြေခံတဲ့ ပြည်ထောင်စု” ကို တည်ဆောက်နိုင်ဖို့ နိုင်ငံသားတိုင်း ပညာရည်ပြည့်ဝဖို့ ဦးစားပေးဆောင်ရွက်ပါမယ်။

စာပေဗိမာန် ၇၅ နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်အခမ်းအနားတွင်ပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၃၁-၇-၂၀၂၂)
- Post author:NSPNC
- Post published:July 31, 2022
- Post category:ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ
Please Share This Share this content
You Might Also Like

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များအား တွေ့ဆုံစဉ် ပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၁၀- ၉-၂၀၂၃)

လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုဝင်များအား တွေ့ဆုံစဉ် ပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၉−၄−၂၀၂၂)
