အမှာစကား ကောက်နုတ်ချက် – တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ ဖက်ဒရယ်အခွင့်အရေးများ ပေးအပ်ရာတွင်ဖြစ်သင့် ဖြစ်ထိုက်သည့် ဖက်ဒရယအခွင့်အရေးများကိုသာ ပေးအပ်မည်ဖြစ်ကြောင်း၊ဖက်ဒရယ်စနစ် ကျင့်သုံးသည့် အခြားနိုင်ငံများတွင် လည်း အလားတူပင်ဖြစ်ကြောင်း။ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ပထမအဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒုတိယအဆင့်တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်လျက်ရှိကြောင်း၊ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို မျက်ကွယ်ပြု၍ မရကြောင်း၊ ပြည်ပ ပရောဂများကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ဝိဝါဒကွဲပြားမှု များရှိကြောင်း၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ များ၏ တောင်းဆိုချက်များတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များပါဝင်ကြောင်း၊ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ဆောင်ရွက်၍ရသည်များရှိကြောင်း၊ နှစ်ဖက်ဖြစ်ချင်သည်နှင့် ဖြစ်သင့်သည်များကိညှိနှိုင်း၍ သဘောတူညီချက်ရရှိမည်ဆိုပါက ပြင်ဆင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဥပဒေနှင့်အညီဆောင်ရွက်၍ရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ပြင်ဆင်လိုသည်များကို လွှတ်တော်၌ မဲခွဲဆုံးဖြတ်၍ ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီနိုင်ငံတစ်ခုအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်တွင် လေးစားစွာဖြင့် ဆောင်ရွက်သည့် သိက္ခာကိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ လွှတ်တော်လမ်းကြောင်းမှသာ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အခြားလမ်းကြောင်းများမှဆောင်ရွက်၍ မရကြောင်း၊ အားလုံးမှ တိုင်းရင်သားစည်းလုံးညီညွတ်မှုကို အားလုံးတညီတညွတ်တည်းရှိခဲ့သည်ကို ပြသခဲ့သည့် ပင်လုံစိတ်ဓာတ်ကို အခြေခံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု နိုင်ငံတော်ကို တည်ဆောက်ရန်၊ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သည့်အတွက် ဖက်ဒရယ်အခွင့်အရေးများကို ပြည်နယ်နှင့်တိုင်းများအားလုံး တစ်ပြေးညီရရှိရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲတစ်ခုကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ကြိုတင်သဘောတူညီချက်များရရှိရေးဆောင်ရွက် လျက်ရှိ ပြီး ဖြစ်နိုင်သည်များကို ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၈/၂၀၂၂) တွင် ပြောကြားသည့် (၂၇-၉-၂၀၂၂)
- Post author:NSPNC
- Post published:September 27, 2022
- Post category:ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ
Please Share This Share this content
You Might Also Like

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၄)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင်ပြောကြားသည့် မိန့်ခွန်း ကောက်နုတ်ချက် (၂-၁၂-၂၀၂၂)

အသစ်ဖွဲ့စည်းထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များအား တွေ့ဆုံစဉ် ပြောကြားသည့်အမှာစကား ကောက်နုတ်ချက် (၇- ၈-၂၀၂၃ )
