နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ထောင်ရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် “နိုင်ငံရေး ရည်မှန်းချက်မှာလည်း နှစ်ချက်က ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး။ဒါဟာ ပြည်သူက ရွေးချယ် ထားတာ ကျွန်တော်ဘာမှ ငြင်းစရာအကြောင်းမရှိဘူး။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု။ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်အာဏာကို ပေးထားတဲ့ ပြည်ထောင်စုကိုသွားရ မယ်။ ဒါ့ကြောင့်ဝန်ကြီးချုပ်တွေကိုလည်း ကျွန်တော် ပြောတယ်။ ခင်ဗျားတို့ ဖက်ဒရယ်အာဏာတွေ ခင်ဗျားတို့ရှိနေတယ်။ ဒီအပေါ်မှာ ခင်ဗျားတို့ လုပ်ကြည့်ပါ။ အခုလည်း သူတို့လုပ်ကြတာပဲ။ တချို့ ပြည်ထောင်စုကပြောတာ။ ဗဟိုက ပြောတာမဟုတ်ဘူး။ သူတို့ဖာသာလုပ်နေတဲ့ဟာ။ ရည်မှန်းချက် တွေ အများကြီးပါတယ်။ ကျွန်တော်ကလည်း တချို့ဟာတွေ သဘောကျတယ်။ ဒါဆိုကောင်းတယ်။ လုပ်ပါ။ အားပေးပါတယ်။ ခင်ဗျားအတွက် အခက်အခဲရှိရင် ကျွန်တော့်ကိုပြော။ ဒီလိုပြောပါတယ်။ အဲ့ဒီ တော့ ကျွန်တော်တို့ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်အာဏာကို၊ လုပ်ပိုင်ခွင့်ကို ပေးထားတဲ့ ပြည်ထောင်စုကိုသွားရမယ်။ နိုင်ငံရေးမှာ ရည်မှန်းချက်နှစ်ခုက ဒါပဲဖြစ်တယ်။ ဒီလိုသွားနိုင်ဖို့ဆိုရင် အရေးကြီးတာက ငြိမ်းချမ်းရေးပေါ့။ငြိမ်းချမ်းရေးကို ကျွန်တော်တို့ သွားနေတယ်။ နားလည်တဲ့သူ တွေကတော့ ငြိမ်းချမ်းရေးအတွက် လာကြတာပေါ့။ နားမလည် တဲ့သူကတော့ ဘေးကနေပြောနေ ကြတုန်း ရှိပါသေးတယ်။အခု ၁၀ ဖွဲ့ ကျွန်တော်တို့ ဆွေးနွေးပြီးသွားပြီ။ မနေ့တစ်နေ့ကပဲ ကျွန်တော် SSPPအဖွဲ့နဲ့ဆွေးနွေးတယ်။ ကျွန်တော်တို့ အားလုံးအောင်မြင်ပါတယ်။ အခုနကပြောတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်အာဏာကိုပေးထားတဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို ခင်ဗျားတို့ လက်ခံလားမေးတော့၊ အကုန်လက်ခံတယ်ပြောတယ်။ ကျွန်တော် ဒုတိယအကြိမ်ပြန်တွေ့မယ်။ဒီလထဲမှာ ပြန်တွေ့ဖို့ ကြိုးစားနေတယ်။ အဖွဲ့ ၁၀ ဖွဲ့လုံးကို အုပ်စုဖွဲ့ပြီး တစ်ခါ ဆွေးနွေးမယ်” ဟု ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၇/၂၀၂၂) တွင်ပြောကြားသည့် အမှာစကားကောက်နုတ်ချက် (၁၆-၈-၂၀၂၂)
- Post author:NSPNC
- Post published:August 16, 2022
- Post category:ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ
Please Share This Share this content
You Might Also Like

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း ကောက်နုတ်ချက် (၄- ၁-၂၀၂၃)

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက် (၄-၁-၂၀၂၄)
