ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်အုပ်ချုပ်ရေးဆောင်ရွက်ရာတွင် ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကိုကျင့်သုံးရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်တွင် တိုင်းရင်းသားကိုအခြေခံသည့် ဖက်ဒရယ်နှင့်ဒေသကိုအခြေခံသည့် ဖက်ဒရယ်ဟူ၍ရှိပြီးကမ္ဘာ့နိုင်ငံအများစုတွင် ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကိုကျင့်သုံးကြသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်သည်သာလျှင် အသင့်တော်ဆုံးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် တိုင်းရင်းသားတို့၏အရေးကိုသာ တောင်းဆိုလျက်ရှိပြီး ဒေသအရေးကိုတောင်းဆိုမှု အားနည်းကြောင်း၊ လူတစ်စုကိုကိုယ်စားပြုသည့်အဖွဲ့အစည်းများဖြစ်၍မရဘဲ ဒေသကိုကိုယ်စားပြုသည့် အဖွဲ့အစည်းများဖြစ်ရန်လိုကြောင်း။
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များအား တွေ့ဆုံစဉ် ပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၁၀- ၉-၂၀၂၃)
- Post author:NSPNC
- Post published:September 10, 2023
- Post category:ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ
Please Share This Share this content
You Might Also Like
ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံစဉ် ပြောကြားသည့်အမှာစကား ကောက်နုတ်ချက် (၃၁- ၃-၂၀၂၃)
စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၃/၂၀၂၁) တွင် ပြောကြားသည့်အမှာစကား ကောက်နုတ်ချက် (၁၁-၃-၂၀၂၁)
