နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၇/၂၀၂၂) တွင်ပြောကြားသည့် အမှာစကားကောက်နုတ်ချက် (၁၆-၈-၂၀၂၂)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ထောင်ရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် “နိုင်ငံရေး ရည်မှန်းချက်မှာလည်း နှစ်ချက်က ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး။ဒါဟာ ပြည်သူက ရွေးချယ် ထားတာ ကျွန်တော်ဘာမှ ငြင်းစရာအကြောင်းမရှိဘူး။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု။ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်အာဏာကို ပေးထားတဲ့ ပြည်ထောင်စုကိုသွားရ မယ်။ ဒါ့ကြောင့်ဝန်ကြီးချုပ်တွေကိုလည်း ကျွန်တော် ပြောတယ်။ ခင်ဗျားတို့…
