ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၂) တွင် ပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၂၉-၇-၂၀၂၂)
ဒီမိုကရေစီစနစ်တွင် သဘောထားကွဲလွဲပိုင်ခွင့်များရှိကြောင်း၊ ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံတိုင်းတွင် နိုင်ငံရေးအယူအဆကွဲပြားစွာဖြင့် ဆောင်ရွက်နေသည့်ပါတီများ၊ တစ်ပါတီတည်းဖြစ်သော်လည်း သဘောထားကွဲလွဲမှုရှိသည့် အုပ်စုများရှိနေသည်ကို သဘာဝကျကျတွေ့ရမည်ဖြစ်ကြောင်း၊မိမိတို့နိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိချိန်၌ ပါလီမန် ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပြီး ဖဆပလပါတီတစ်ခုတည်းကသာ နိုင်ငံကို ဦးဆောင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အခြားပါတီ များသည် ပါတီငယ်များသာဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ဖဆပလအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်၍ အုပ်စုများကွဲခဲ့သည်ကိုတွေ့ရကြောင်း၊…