စာပေဗိမာန် ၇၅ နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်အခမ်းအနားတွင်ပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၃၁-၇-၂၀၂၂)
လက်ရှိအချိန်ကာလမှာ ကျွန်တော်တို့နိုင်ငံဟာ ပြည်သူလူထုရဲ့ ဆန္ဒဖြစ်တဲ့ “စစ်မှန်စည်းကမ်း ပြည့်ဝတဲ့ပါတီစုံဒီမိုကရေစီစနစ်”ကို လျှောက်လှမ်းနေတာဖြစ်ပါတယ်။ ဒီမိုကရေစီလို့ဆိုရာမှာ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားရေးစရိုက်လက္ခဏာနဲ့ ယဉ်ကျေးမှုကို ထိခိုက်မှုမရှိစေတဲ့ ပညာရေးစနစ်မျိုး၊လေ့လာသင်ယူနိုင်တဲ့ အခြေအနေမျိုးတွေကို ဖန်တီးဆောင်ရွက် နိုင်ဖို့လိုပါမယ်။ ဒီမိုကရေစီ နိုင်ငံရေးကို သင်ကြားဖို့မဟုတ်ဘဲ ဒီမိုကရေစီ အလေ့အကျင့်ကောင်းတွေကို သင်ကြားပေးနိုင်မယ့် ကောင်းမွန်တဲ့ပညာရေးစနစ်၊ စဉ်ဆက်မပြတ် လေ့လာနိုင်တဲ့စနစ်ကို လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက်…
