၂၀၂၄ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ကောက်နုတ်ချက် (၁-၁-၂၀၂၄)

      ကျွန်တော်တို့နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကာလအတွင်း တွေ့ကြုံခဲ့ရတဲ့ အခက်အခဲအချို့နဲ့ စိန်ခေါ်မှုများကိုလည်း နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားပြည်သူအားလုံး လက်တွဲပူးပေါင်းပြီး အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြပါတယ်။ ဒီမိုကရေစီနည်းလမ်းတကျနဲ့ ငြိမ်းချမ်းစွာ ကိုယ့်နိုင်ငံတိုးတက်စေဖို့ ဆန္ဒမရှိသူတွေကတော့ ပြည်သူပြည်သားတွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်ခဲ့ကြတာလည်းရှိပါတယ်။ အဖျက်လုပ်ငန်းအမျိုးမျိုးကြောင့် နိုင်ငံပိုင်၊ ပြည်သူပြည်သားတွေရဲ့ ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးဆုံးရှုံးမှုဟာ တိုင်းပြည်အတွက် အနုတ်လက္ခဏာပဲ ဖြစ်ခဲ့ပါတယ်၊

Continue Reading၂၀၂၄ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ကောက်နုတ်ချက် (၁-၁-၂၀၂၄)

(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက် (၇-၁၂-၂၀၂၃)

         ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဆိုသည်မှာ အများစုက ရွေးချယ်ခြင်း၊ အများစု၏ ဆန္ဒကို ဥပဒေနှင့်အညီ စီမံဖော်ဆောင်ခြင်းနှင့် ဖက်ဒရယ်ဆိုသည်မှာ ပေါင်းစည်းနေထိုင်ခြင်း၊ သဟဇာတဖြစ်ခြင်း၊ မျှဝေခံစားခြင်း၊ အုပ်ချုပ်မှုတာဝန်ခွဲဝေလုပ်ဆောင်ခြင်းဟု အနက်အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် ဦးဆောင်သူ၊ အကောင်အထည်ဖော်ဆောင်ရွက်သူ၊ လိုက်နာကျင့်သုံးသူများအားလုံးသည် အသိပညာ၊ အတတ်ပညာများ၊ စဉ်းစားတွေးခေါ်နိုင်သည့် စွမ်းရည်များ ပြည့်စုံကြရန် လိုအပ်ပါသည်။

Continue Reading(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက် (၇-၁၂-၂၀၂၃)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၆/၂၀၂၃) တွင် ပြောကြားသည့် အမှာစကား (၂၉-၁၁-၂၀၂၃)

တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီကို လိုလားသည့် ပြည်သူလူထုနှင့်တစ်သားတည်းရှိ      ကျွန်တော်တို့သည် ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီက ပြည်သူက တောင်းဆိုတဲ့အတွက်ကြောင့် တပ်မတော်က ဖော်ဆောင်ပေးခြင်းဖြစ်ပါတယ်။ တပ်မတော်ကဦးဆောင်ပြီးတော့မှ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးတာပါ။ အခုမှ တပ်မတော်က လိုက်ပြီးတော့ ပါတီစုံဒီမိုကရေစီစနစ်ကို ထောက်ခံတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီတောင်းဆိုမှု အရေးအခင်းပြီးတဲ့နောက်ပိုင်းကနေပြီးတော့ အဲ့ဒီက…

Continue Readingနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၆/၂၀၂၃) တွင် ပြောကြားသည့် အမှာစကား (၂၉-၁၁-၂၀၂၃)

(၆၈) နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက် (၇-၁၁-၂၀၂၃)

      တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံ သော ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ရွေးကောက်ပွဲပြန်လည်ကျင်းပပြုလုပ်၍ ထွက်ပေါ် လာမည့်အစိုးရကို နိုင်ငံတော်တာဝန်ပြန်လည်လွှဲပြောင်းပေးနိုင်ရန် ဦးတည်ချက်ထား၍ ဆောင်ရွက်လျက်ရှိပါသည်။         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ ပထမအချက်တွင် “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍…

Continue Reading(၆၈) နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက် (၇-၁၁-၂၀၂၃)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ချုပ်ဆိုခြင်း (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း ကောက်နုတ်ချက် (၁၅-၁၀-၂၀၂၃)

       လက်ရှိကျွန်တော်တို့နိုင်ငံမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သုံးသပ်ကြည့်ရင်လည်း လွတ်လပ်ရေးရပြီးခါစ လက်နက် ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့တဲ့ အခြေအနေမျိုး ဖြစ်နေတာကိုလည်း တွေ့ရရှိပါတယ်။ ဒီမိုကရေစီရေးကို ဆောင်ရွက်နေပါတယ်ဆိုသူတွေကိုယ်တိုင်က မမဲသမာမှုတွေ ဆောင်ရွက်ခဲ့ပြီး ဥပဒေနဲ့အညီ ဒီမိုကရေစီနည်းလမ်းကျဖြေရှင်းခြင်းမရှိဘဲလက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်ခဲ့ပါတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံး ကာကွယ်နေပါတယ်ဆိုတဲ့ ပြည်ပနိုင်ငံ အချို့ကလည်းဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒီလက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှု တွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ…

Continue Readingတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ချုပ်ဆိုခြင်း (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း ကောက်နုတ်ချက် (၁၅-၁၀-၂၀၂၃)

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးခဲ့သည့် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးဦးဆောင်သည့်အဖွဲ့အား တွေ့ဆုံပြောကြားသည့်အမှာစကား ကောက်နုတ်ချက် (၃၀- ၉-၂၀၂၃)

     စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်အဖြစ်ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ၊ ပြည်သူလူထု၏ ဆန္ဒဖြစ်သော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို ကျင်းပနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် တိုင်းရင်းသားများနှင့် ဒေသကိုကိုယ်စားပြုနိုင်သည့် ကိုယ်စားလှယ်များအများအပြား ရွေးကောက်ခံစင်မြင့်သို့ရောက်ရှိလာရန် လိုအပ်မည်ဖြစ်ကြောင်း။

Continue Readingတစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးခဲ့သည့် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးဦးဆောင်သည့်အဖွဲ့အား တွေ့ဆုံပြောကြားသည့်အမှာစကား ကောက်နုတ်ချက် (၃၀- ၉-၂၀၂၃)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး အမှတ်စဉ် (၄/၂၀၂၃) တွင် ပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၂၈- ၉ -၂၀၂၃)

      နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားရာတွင် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမ ရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့ခြင်းသည် နိုင်ငံအတွက် အကျည်းတန်သည့်ကိစ္စရပ်တစ်ခုဖြစ်ခဲ့ကြောင်း၊ ယင်းကို သင်ခန်းစာယူရမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်း မှန်ကန်မှုရှိစေရေးကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ဖက်ဒရယ်စနစ် ကျင့်သုံးခြင်းနှင့်ပတ်သက်၍ လူမျိုးကိုအခြေခံသည့် ဖက်ဒရယ်ကို ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကို…

Continue Readingနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး အမှတ်စဉ် (၄/၂၀၂၃) တွင် ပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၂၈- ၉ -၂၀၂၃)