(၇) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားသည့်မိန့်ခွန်း ကောက်နုတ်ချက် – ဖက်ဒရယ်ဆိုတာဟာ မတူကွဲပြားနေတဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ၊ လူမျိုးတွေ၊ လူမျိုးစုတွေကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးတဲ့ အယူအဆ သဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်ပါတယ်။ တိုင်းရင်းသားပါတီများ အပါ အဝင် နိုင်ငံရေးပါတီများဟာ ၎င်းတို့ကို ထောက်ခံတဲ့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့သူတွေဖြစ် ပါတယ်။ ဒါ့ကြောင့် မတူကွဲပြားတဲ့ကိုယ်စားပြုမှုတွေရပြီးပါတီတွေ၊ တိုင်းရင်းသား လူမျိုးစုတွေကို ကျယ်ကျယ်ပြန့်ပြန့်ကိုယ်စားပြုနိုင်ဖို့အတွက် အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးနိုင်ရေး ဆောင်ရွက်နေပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း ကျွန်တော့် အနေနဲ့ EAO ခေါင်းဆောင် များကိုဆွေးနွေးရှင်းပြပြီးဖြစ်ပါတယ်။အခုတိုင်းရင်းသားများရဲ့ဆန္ဒနဲ့ လိုလားချက်တွေကို ဒီမိုကရေစီနည်းလမ်းကျဆောင်ရွက်ပေးနိုင်ဖို့က နိုင်ငံရေးစင်မြင့်ဖြစ်တဲ့ လွှတ်တော်ထဲကို တိုင်းရင်းသား ကိုယ်စားလှယ်များ စုံစုံညီညီရောက်ရှိလာဖို့ လိုအပ်ပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၁၅-၁၀-၂၀၂၂)
- Post author:NSPNC
- Post published:October 15, 2022
- Post category:ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ
Please Share This Share this content
You Might Also Like
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးခဲ့သည့် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးဦးဆောင်သည့်အဖွဲ့အား တွေ့ဆုံပြောကြားသည့်အမှာစကား ကောက်နုတ်ချက် (၃၀- ၉-၂၀၂၃)
၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျင်းပသော (၇၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း ကောက်နုတ်ချက် (၂၇- ၃-၂၀၂၃)
