တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၁၅-၁၀-၂၀၂၂)
(၇) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားသည့်မိန့်ခွန်း ကောက်နုတ်ချက် - ဖက်ဒရယ်ဆိုတာဟာ မတူကွဲပြားနေတဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ၊ လူမျိုးတွေ၊ လူမျိုးစုတွေကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးတဲ့ အယူအဆ သဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်ပါတယ်။ တိုင်းရင်းသားပါတီများ အပါ အဝင် နိုင်ငံရေးပါတီများဟာ ၎င်းတို့ကို ထောက်ခံတဲ့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့သူတွေဖြစ် ပါတယ်။ ဒါ့ကြောင့် မတူကွဲပြားတဲ့ကိုယ်စားပြုမှုတွေရပြီးပါတီတွေ၊ တိုင်းရင်းသား လူမျိုးစုတွေကို…
