PDF အမည်ခံအဖွဲ့များ ဥပဒေဘောင်အတွင်းခိုလှုံဝင်ရောက်ရန် ဖိတ်ခေါ်နှိုးဆော်တိုက်တွန်း
နိုင်ငံတော်အတွင်း အကြမ်းဖက်မှုများဖြစ်ပွားစေရန် သွေးထိုးလှုံ့ဆော်ပြီး ပြည်ပ သို့ ထွက်ပြေးသွားခဲ့ကြသူများက ဥပဒေအခြေခံမရှိဘဲ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကိုတရားမဝင် ဖွဲ့စည်းဆောင် ရွက်ခဲ့ကြကာ အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်အတွက် PDF အမည်ခံအဖွဲ့များကို ဖွဲ့စည်း ပြီး နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်စေခဲ့ကြသည်။
CRPH နှင့် NUG တို့သည် နိုင်ငံရေးအရ မှန်ကန်ခိုင်မာသည့် ရပ်တည်ချက်မရှိဘဲ ရှေ့နောက်မညီသည့် ထုတ်ပြန်ပြောဆိုမှုများကို ပြုလုပ်ခဲ့ပါသည်။ CRPH က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ဖျက်သိမ်းကြောင်း ကြေညာ ခဲ့ပြီး NUG ကိုဖွဲ့စည်းခဲ့သည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းအခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင် ရာ ပြဋ္ဌာန်းချက်များအရ ဆက်လက်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ CRPH က ကြေညာသည့် အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပျက်ပျယ်သွားပြီဆိုပါလျှင် ၎င်းတို့လွှတ်တော်ကိုယ် စားလှယ်များဆိုသည်မှာလည်း အလိုအလျောက် ပျက်ပျယ်သွားမည်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီဆိုသည်မှာလည်းရှိတော့မည်မဟုတ်သကဲ့သို့ NUG ကို ဖွဲ့စည်း ၍ပင်မရတော့ပေ။
အခြားတစ်ဖက်တွင်လည်း CRPH နှင့် NUG တို့က ၎င်းတို့သည်သာ ပြည်သူရွေး ကောက်တင်မြှောက်ထားတဲ့တရားဝင်အစိုးရဟု ဆိုပြန်သည်။ ထိုသို့ဆိုလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈)ကို အသိအမှတ်ပြုနေခြင်းပင်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိတော့ဟု ဆိုပါလျှင် ၎င်းတို့လည်းရှိတော့မည်မဟုတ်ပေ။ ၎င်းတို့တရားဝင် တည်ရှိနေသည်ဆိုပြန်လျှင် လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)က တည်ရှိဆဲဖြစ်သည်ကိုအသိအမှတ်ပြုသကဲ့သို့ ဖြစ် နေသည်။ CRPH နှင့် NUG တို့သည် လမ်းပေါ်လျှောက်ရင်း လမ်းပျောက်နေသူများပင်ဖြစ် သည်။
၎င်းတို့သာ ရွေးကောက်ခံအစိုးရဆိုပြီး NUG ကို ဖွဲ့စည်းကြသူများသည် ဖွဲ့စည်းပုံ (၂၀၀၈)အရ သက်တမ်းကကုန်ပြီဖြစ်သည်။ ၎င်းတို့သည် မည်သို့ပင် တရားဝင်သည်ပြောနေ သော်လည်း အခြေခံဥပဒေဖျက်သည်ဆိုလျှင်လည်း ပျက်သည့်အဖွဲ့အစည်း၊ အခြေခံဥပဒေ တည်ဆဲပါဆိုလျှင်လည်း သက်တမ်းကုန်သည့်အဖွဲ့အစည်းအဖြစ် ရုပ်လုံးသဏ္ဌန်မှာ ပီပြင်လာ ခဲ့ပြီဖြစ်သည်။
ယခုဆိုလျှင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟို ကော်မတီက လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရန်နှင့်နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်း ဖြင့်ဖြေရှင်းရန်အတွက် ကြိုတင်ကန့်သတ်ချက်များမထားသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ဖိတ်ခေါ်ထားပြီးဖြစ်သည်။ ထို့ကြောင့်ပင် PDF အမည်ခံအဖွဲ့အစည်းအသီးသီးတို့အနေဖြင့်လည်း လမ်းကြောင်း အမှန်ကို စဉ်းစားချိန်တန်ပြီဖြစ်သည်။ PDF အမည်ခံအဖွဲ့အစည်းအသီးသီးတို့သည် နိုင်ငံတော်အစိုးရ၏ ကမ်းလှမ်းဖိတ်ခေါ်သည့်အတိုင်း ဥပဒေဘောင်အတွင်း အမြန်ဆုံးပြန်လည် ခိုလှုံဝင်ရောက်ဖို့ နှိုးဆော်တိုက်တွန်းထားကြောင်း သိရှိရသည်။
သတင်းစဉ်
