You are currently viewing နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး (၁၈-၄-၂၀၂၅)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး (၁၈-၄-၂၀၂၅)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် H.E.Mr.Anwar Ibrahim နှင့် ဧပြီလ ၁၇ ရက် ညနေပိုင်းတွင် ထိုင်းနိုင်ငံ  ဘန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံငလျင်ဘေးဒဏ်မှ ပြန်လည်ထူထောင်ရေးတွင် အာဆီယံ အသိုက်အဝန်းမှ စည်းလုံးညီညွတ်မှုဖြင့် ဆက်လက်ကူညီဆောင်ရွက်ရေး၊     မြန်မာ-အာဆီယံအသိုက်အဝန်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများအား ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

၎င်းတွေ့ဆုံပွဲ၌ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း Mr. Thaksin Shinawatra လည်းတက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။
မှီငြမ်း။ cincds.gov.mm