မြန်မာနိုင်ငံတွင် ပြင်းထန်စွာငလျင်လှုပ်ခတ်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန် Gurudev Sri Sri Ravi Shankar နှင့် ဖုန်းဖြင့်ဆက်သွယ်ပြောကြား
မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်ဆီးမှုများဖြစ်ပေါ်ခဲ့မှုများနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၂-၄-၂၀၂၅ ရက်တွင် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန် Gurudev Sri Sri Ravi Shankar နှင့် ဖုန်းဖြင့်ဆက်သွယ်ပြောကြားသည်။ထိုသို့ပြောကြားရာတွင် Gurudev Sri Sri Ravi Shankar က မြန်မာနိုင်ငံတွင် မတ်လ ၂၈…
