မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြားသည့် မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကား (၁၇-၄-၂၀၂၄)
ယနေ့ကျရောက်တဲ့ မြန်မာနှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသား ပြည်သူအားလုံးအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာရှိကြတဲ့ ကမ္ဘာသူကမ္ဘာသားများ အားလုံး ဘေးဘယာများ ကင်းဝေးပြီး စိတ္တသုခ၊ ကာယသုခတို့ ဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ယခုကာလဟာ ကျွန်တော်တို့မြန်မာတွေရဲ့ အယူအဆအရ နှစ်ဟောင်းမှာ ပြုလုပ်မိတဲ့ မကောင်းတဲ့အတွေး၊ အပြုအမူနဲ့ လုပ်ရပ်များကို အတာသင်္ကြန်ရေနဲ့ ဆေးကြောပြီး နှစ်သစ်မှာ ကောင်းမွန်တဲ့အရာများနဲ့ ပြန်လည်စတင်ဖို့ ပြင်ဆင်ကြတဲ့ကာလဖြစ်ပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံအနေဖြင့်…
