You are currently viewing ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၄-၅-၂၀၁၇ မှ ၂၉-၅-၂၀၁၇)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၄-၅-၂၀၁၇ မှ ၂၉-၅-၂၀၁၇)

နိဒါန်း

၁။  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ မေလ ၂၄ ရက်မှ ၂၉ ရက်ထိနေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ကျင်းပခဲ့ပါသည်။ ညီလာခံသို့ အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့၊ နိုင်ငံရေးပါတီများအစုအဖွဲ့နှင့် တိုင်းရင်းသား ကိုယ်စားလှယ် များအစုအဖွဲ့ စုစုပေါင်း (၇၀၀) ဦး တက်ရောက်ရန် သတ်မှတ်ခဲ့ပါသည်။ (၆၉၄) ဦး တက်ရောက် ခဲ့ပါသည်။ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍနှင့် မြေယာနှင့်သဘာဝ ပတ်ဝန်း ကျင်ကဏ္ဍဟူ၍ ကဏ္ဍ (၅) ရပ်ခွဲခြားပြီး ဆွေးနွေးခဲ့ကြပါသည်။

ရည်ရွယ်ချက်

၂။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာရန်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲများမှ ပေါ်ထွက်လာသည့် ရလဒ်များနှင့်အညီ တည်ဆောက်ရန် ရည်ရွယ်ပါသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးဗဟိုကော်မတီဖွဲ့စည်းခြင်း

၃။     ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပရေးဗဟိုကော်မတီကို အောက်ပါအတိုင်းဖွဲ့စည်းခဲ့ ပါသည်-

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေးကော်မတီဖွဲ့စည်းခြင်း

၄။      ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအကြိုပြင်ဆင်ရေးကော်မတီကို အောက်ပါအတိုင်းဖွဲ့စည်းခဲ့ပါသည်-

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ(၁)ဖွဲ့စည်းခြင်း

၅။    ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ(၁)ကို အောက်ပါအတိုင်း ဖွဲ့စည်းခဲ့ပါသည်-

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ(၂)ဖွဲ့စည်းခြင်း

၆။    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ(၂)ကို အောက်ပါအတိုင်း ဖွဲ့စည်းခဲ့ပါသည်-

လုပ်ငန်းကော်မတီများဖွဲ့စည်းခြင်း

၇။      လုပ်ငန်းကော်မတီ(၁၁)ခု ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။ ၎င်းတို့မှာ-

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တက်ရောက်သူများစာရင်း

၈။      ၂၀၁၇ ခုနှစ်၊ မေလ ၂၄ ရက်မှ ၂၉ ရက်အထိ နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ အောက်ပါအတိုင်း တက်ရောက်ခဲ့ကြပါသည်-

  • အစိုးရအစုအဖွဲ့ – ၇၅ ဦး
  • လွှတ်တော်အစုအဖွဲ့ – ၇၅ ဦး
  • တပ်မတော်အစုအဖွဲ့ -၁၅၀ ဦး
  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့ -၁၅၀ ဦး
  • နိုင်ငံရေးပါတီများအစုအဖွဲ့ -၁၄၉ ဦး
  • နိုင်ငံရေးပါတီများအစုအဖွဲ့ -၁၄၉ ဦး
  • တိုင်းရင်းသားကိုယ်စားလှယ်များအစုအဖွဲ့ – ၄၈ ဦး
  • စုစုပေါင်း -၆၉၄ ဦး

ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း (၁) ချုပ်ဆိုခြင်း

၉။       ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးမှ ၂၀၁၇ ခုနှစ်၊ မေလ (၂၉) ရက်နေ့တွင် ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း(၁)ကို ချုပ်ဆိုနိုင်ခဲ့ပါသည်။ ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း(၁)တွင် နိုင်ငံရေးကဏ္ဍ မူဝါဒသဘောတူညီချက် (၁၂)ချက်၊ စီးပွားရေးကဏ္ဍ သဘောတူညီချက် (၁၁) ချက်၊ လူမှုရေးကဏ္ဍ သဘောတူညီချက်(၄) ချက်၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍ မူဝါဒသဘောတူညီချက်(၁၀)ချက် စုစုပေါင်း (၃၇) ချက် သဘောတူညီမှုရရှိခဲ့ ပါသည်။

နိဂုံး

၁၀။      ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ မေလ ၂၄ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့ပါသည်။ ဤညီလာခံမှ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) နိုင်ငံရေးကဏ္ဍ မူဝါဒသဘောတူညီချက် (၁၂) ချက်၊ စီးပွားရေးကဏ္ဍ မူဝါဒသဘော တူညီချက် (၁၁) ချက်၊ လူမှုရေးကဏ္ဍ မူဝါဒသဘောတူညီချက် (၄) ချက်၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍ မူဝါဒ သဘောတူညီချက် (၁၀) ချက် စုစုပေါင်း (၃၇) ချက် ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီမှု ရရှိခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်များကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အပိုဒ် (၂၀) (င) အရ ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း(၁) အဖြစ် ဤပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် အစုအဖွဲ့အသီးသီး၏ ခေါင်းဆောင်များနှင့် အသိသက်သေများက လက်မှတ်ရေးထိုးခဲ့ကြပါသည်။

မှီငြမ်းကိုးကား

  • တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်
  • ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးမှတ်တမ်း