ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ
၂၀၁၆ (သြ ၃၁ - စက် ၃)
နိဒါန်း
၁။ ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၃ ရက်အထိ နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (၂) တွင် ကျင်းပခဲ့ပါသည်။ ညီလာခံသို့ အစိုးရ၊ လွှတ်တော်များ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ စုစုပေါင်း (၇၀၀) ဦး တက်ရောက်ခဲ့ပါသည်။
ရည်ရွယ်ချက်
၂။ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာရန်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲများမှ ပေါ်ထွက်လာသည့် ရလဒ်များနှင့်အညီ တည် ဆောက်ရန် ရည်ရွယ်ပါသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးဗဟိုကော်မတီဖွဲ့စည်းခြင်း
၃။ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ(၈)ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကျင်းပရေးအတွက် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများကို အမိန့်ကြော်ငြာစာအမှတ်(၅၇/၂၀၁၆) ဖြင့် ဖွဲ့စည်းပေးခဲ့ပါသည်။ လုပ်ငန်းကော်မတီ (၁၀)ခုမှာ ဖိတ်ကြားရေးလုပ်ငန်းကော်မတီ၊ တည်းခိုနေရာချထားရေး လုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ ဧည့်ခံကျွေးမွေးရေးလုပ်ငန်း ကော်မတီ၊ ဖွင့်ပွဲနှင့် အစည်းအဝေးအခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီ၊လုံခြုံရေးလုပ်ငန်းကော်မတီ၊ပြန်ကြား ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီနှင့် ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်း ကော် မတီတို့ ဖြစ်ကြပါသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကျင်းပရေး ဗဟိုကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းခဲ့ပါသည်-

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေးကော်မတီဖွဲ့စည်းခြင်း
၄။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ပါဝင်သင့် ပါဝင်ထိုက်သူများပါဝင်လာရေးနှင့် ညီလာခံအောင်မြင်စွာ ကျင်းနိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများလုပ်နိုင်ရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအကြိုပြင်ဆင်ရေးကော်မတီနှင့် အကြိုပြင်ဆင်ရေးဆပ်ကော်မတီ (၁)နှင့် (၂)ကို ဦးတင်ကျော်က ၂၀၁၆ ခုနှစ်၊ မေလ (၃၀) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်(၂၆/၂၀၁၆) ဖြင့် ဖွဲ့စည်းပေးခဲ့ပါသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေးကော်မတီကို အောက်ပါ အတိုင်း ဖွဲ့စည်းခဲ့ပါသည်-

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ(၁)
၅။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအကြိုပြင်ဆင်ရေးဆပ်ကော်မတီ(၁)ကို အောက်ပါအတိုင်း ဖွဲ့စည်းခဲ့ပါသည်-

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ(၂)ဖွဲ့စည်းခြင်း
၆။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ(၂)ကို အောက်ပါအတိုင်း ဖွဲ့စည်းခဲ့ပါသည်-

၇။ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်မှ စက် တင်ဘာလ ၃ ရက်အထိ နေပြည်တော်၊ မြန်မာ အပြည် ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ အောက်ပါအတိုင်း တက်ရောက်ခဲ့ကြပါသည်-

၈။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့ အထိ အစုအဖွဲ့အသီးသီးမှ စုစုပေါင်း(၇၂)ဦးဆွေးနွေးခဲ့ကြပါသည်။ အစိုးရအစုအဖွဲ့မှ(၅)ဦး၊ လွှတ်တော် အစုအဖွဲ့မှ(၅)ဦး၊ တပ်မတော်အစုအဖွဲ့မှ(၁၀)ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့မှ (၁၇)ဦး၊ နိုင်ငံရေးပါတီအစုအဖွဲ့မှ (၂၂)ဦး၊ တိုင်းရင်းသားကိုယ်စားလှယ်အစုအဖွဲ့မှ(၆)ဦး၊ ပါဝင်သင့် ပါဝင်ထိုက်သူအစုအဖွဲ့မှ အနိုင်ရနိုင်ငံရေးပါတီမှ(၅)ဦး၊ အစုအဖွဲ့သုံးခုမှ (၆)ဦး၊ စုစုပေါင်း(၇၆)ဦး ဆွေးနွေးရန် စီစဉ်သတ်မှတ်ခဲ့ပါသည်။
နိဂုံး
၉။ ဒုတိယအကြိမ် ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်မှစက်တင်ဘာလ ၃ ရက်အထိ ကျင်းပခဲ့ပါသည်။ ဤညီလာခံမှ အဖွင့်မိန့်ခွန်းများ၊ ညီလာခံတက်ရောက်သူများစာရင်း၊ သဘော ထားအမြင် တင်ပြချက်များနှင့် စာတမ်းများ၊ အစီရင်ခံစာများ၊ အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက်လုပ်ဆောင်သွားမည့်ကိစ္စရပ်များနှင့်တတိယအကြိမ် ပြုလုပ်မည့် ပြည်ထောင် စု ငြိမ်းချမ်းရေးညီလာခံကျင်းပမည့်ကိစ္စတို့ကိုမှတ်တမ်းတင်နိုင်ခဲ့ပါသည်။
မှီငြမ်းကိုးကား
- တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်
- ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံပထမအစည်းအဝေးမှတ်တမ်း