တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်ကပင် ပြည်သူတို့လိုလားတောင်းဆိုတဲ့ “ပါတီစုံ ဒီမိုကရေစီစနစ်”ကို ဆွေးနွေးညှိနှိုင်းခြင်း နည်းလမ်းများ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်ခြင်းနည်းလမ်းစတဲ့ နိုင်ငံရေးယဉ်ကျေးမှုများဖြင့် တည်ငြိမ်အေးချမ်းစွာ အသွင်ကူးပြောင်းပေးခဲ့ကြောင်း ဦးစွာပြောကြားလိုပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်မှာ တရားမျှတပြီးလွတ်လပ်တဲ့ ရွေးကောက်ပွဲများဟာ ဒီမိုကရေစီစနစ် ရေရှည်တည်တံ့ ခိုင်မာစေရေးအတွက် အဓိကလိုအပ်ချက်ပဲဖြစ်ပါတယ်။ဒါ့ကြောင့်ကျွန်တော့် အနေနဲ့ တစ်တိုင်းပြည်လုံးသို့ ပြောကြားခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူး မိန့်ခွန်းမှာ “၂၀၂၀ပြည့်နှစ်ဟာ နိုင်ငံအတွက် အရေးကြီးတဲ့နှစ်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြုလုပ်မယ့် နှစ်ဖြစ်လို့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေဖို့ အရေးကြီးကြောင်း” ထည့်သွင်းပြောကြားခဲ့ပါတယ်။ တပ်မတော်အနေနဲ့ မြန်မာနိုင်ငံရဲ့ ၁၀ နှစ်တာ ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းမှာ အမျိုးသားနိုင်ငံရေးကို ဦးထိပ်ထားပြီး ပြည်သူနဲ့လက်တွဲ အကောင်းဆုံး ဆောင်ရွက်ခဲ့ပါတယ်။

နိုင်ငံတော်၏အခြေအနေအရပ်ရပ်အားပြည်သူလူထုသို့ပြောကြားသည့်မိန့်ခွန်းကောက်နုတ်ချက် (၈-၂-၂၀၂၁)
- Post author:NSPNC
- Post published:February 8, 2021
- Post category:ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ
Please Share This Share this content
You Might Also Like

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက် (၄-၁-၂၀၂၄)

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း ကောက်နုတ်ချက် (၄- ၁-၂၀၂၃)
