မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းနေချိန်ဖြစ်သော်လည်း စည်းလုံးညီညွတ်မှုအားနည်းနေသေးသည်ကို တွေ့ရကြောင်း၊ လွတ်လပ်ရေးရရှိသည်မှာ ၇၅ နှစ် ကျော်လွန်လာပြီဖြစ်သော်လည်း နိုင်ငံရေး ခိုင်မာအောင် တည်ဆောက်နိုင်ခြင်းမရှိသေးကြောင်း၊ မိမိတို့အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေးဆိုသည့် နိုင်ငံရေးမျှော်မှန်းချက် ၂ ရပ် ကိုချမှတ်ထားကြောင်း၊ ဒီမိုကရေစီစိတ်ဓာတ်၊ တိုင်းပြည်ကောင်းအောင် ဆောင်ရွက်လိုသည့် စိတ်ဓာတ်ရှိမည်ဆိုပါက အဆိုပါမျှော်မှန်းချက်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခု ဖြစ်ပွားနေသည့်ပြဿနာမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြည်နယ်၊ ဒေသများရရှိအောင် ဥပဒေပြင်ပမှ တောင်းဆိုလာခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးနှင့် ပတ်သက်၍ ဥပဒေ၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်တတ်ရန် လိုအပ်ချက်များစွာရှိ နေသေး ကြောင်း။
လုံခြုံရေး၊တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေး (၁/၂၀၂၄) အမှာစကားကောက်နုတ်ချက် (၂၇-၁-၂၀၂၄)
- Post author:NSPNC
- Post published:May 8, 2026
- Post category:ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ
- Post comments:0 Comments
Please Share This Share this content
You Might Also Like
၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း ကောက်နုတ်ချက် (၄- ၁-၂၀၂၃)
အသစ်ဖွဲ့စည်းထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များအား တွေ့ဆုံစဉ် ပြောကြားသည့်အမှာစကား ကောက်နုတ်ချက် (၇- ၈-၂၀၂၃ )
