You are currently viewing ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း ကောက်နုတ်ချက်  (၄- ၁-၂၀၂၃)

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း ကောက်နုတ်ချက်  (၄- ၁-၂၀၂၃)

Posted on January 4, 2023 by Editor Sector Two

      ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် အသင့်လျော်ဆုံးနိုင်ငံရေး ရည်မှန်းချက် ၂ ရပ်ကို ချမှတ်ခဲ့ပါတယ် ဒီနိုင်ငံရေးရည်မှန်းချက်  ၂ ရပ်က “စစ်မှန်စည်းကမ်းပြည့်ဝ တဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး” နဲ့ “ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး” တို့ ဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ခိုင်မာစွာ အာမခံအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါတယ်။ဒီနိုင်ငံရေးရည်မှန်းချက်၂ ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံသား တိုင်းရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုက အဓိကကျပါတယ်။ ဒီမိုကရေစီလမ်းကြောင်းက သွေဖည်သွား နိုင်တဲ့လုပ်ဆောင်ချက်တွေကို ရှောင်ရှားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာကြရမှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် တည်ငြိမ်ခိုင်မာစေဖို့ လိုအပ်တဲ့တရားဥပဒေ စိုးမိုးရေးအတွက် “ဥပဒေရဲ့အထက်မှာ မည်သူမျှမရှိစေရ No One is above the Law ” ဆိုတဲ့ အတိုင်း တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

       တိုင်းရင်းသား ပြည်သူအားလုံးဆန္ဒဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရာမှာ ဒီမိုကရေစီနဲ့ပတ်သက်ပြီးလည်းကောင်း၊ ဖက်ဒရယ်စနစ်နဲ့ ပတ်သက် ပြီးလည်းကောင်း ဘယ်လိုပင် အယူအဆကွဲပြားနေကြသော်လည်း မိမိတို့ နိုင်ငံနဲ့ သဟဇာတဖြစ်တဲ့ စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီနဲ့ပတ်သက်ပြီး အများဆန္ဒအတိုင်း ဆောင်ရွက်ရသကဲ့သို့ လူနည်းစုဆန္ဒကိုလည်း အလေးထားရန် လိုအပ်ပါ တယ်။ မိမိနဲ့အယူအဆ၊ ဆန္ဒမကိုက်ညီသူကို ရန်သူကဲ့သို့သဘောထားပြီး ခွဲခြားဆက်ဆံခြင်းများ၊ ဖယ်ကြဉ်ထားခြင်းများဟာ ဒီမိုကရေစီစနစ်နဲ့လုံးဝကိုက်ညီမှုမရှိပါဘူး။ပုဂ္ဂိုလ်ရေးအရ လွန်ကဲစွာယုံကြည်ကိုးကွယ်ခြင်း ဟာလည်း လူ့အဖွဲ့အစည်းအတွင်းကွဲပြားမှုများကို ဖြစ်ပေါ်စေနိုင်ပြီးတော့ အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက် စေနိုင်တဲ့အတွက် ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်ကြောင်းတွေ့ရမှာဖြစ်ပါတယ်။ ဖက်ဒရယ် စနစ်နဲ့ပတ်သက်လို့ အဓိပ္ပာယ်အမျိုးမျိုး၊ စံနှုန်းအမျိုးမျိုးဖွင့်ဆိုပြီး ပြောနေကြသော်လည်း အနှစ် သာရအနေနဲ့ ပေါင်းစည်းခြင်းနှင့် သဟဇာတဖြစ်မှုပဲဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ကျွန်တော် တို့သတိပြုရမှာက မြန်မာနိုင်ငံရဲ့တိုင်းဒေသကြီး၊ ပြည်နယ်များမှ တိုင်းရင်းသားလူမျိုး တစ်မျိုးတည်း သာနေထိုင်တဲ့ တိုင်းဒေသကြီး၊ ပြည်နယ်ဆိုပြီး လုံးဝမရှိပါဘူး။လူမျိုးပေါင်းစုံပျံ့နှံ့နေထိုင်ကြပါတယ်။ သူ့ကျွန်ဘဝဆိုတဲ့ မုန်တိုင်းကို တိုင်းရင်းသားပြည်သူအားလုံးရဲ့ အတူတကွ ပေါင်းစည်းနေထိုင်ကြတဲ့ ညီညွတ်မှုဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ခဲ့မှုကြောင့် လွတ်လပ်ရေးဆိုတဲ့ပန်းတိုင်ဆီကို အောင်မြင်စွာ အရောက်လှမ်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလို စည်းလုံးညီညွတ်တဲ့ အစဉ်အလာကောင်းကို ဆက်လက် ထိန်းသိမ်းပြီး တစ်ဦးနဲ့တစ်ဦး စိတ်ရှည် သည်းခံမှု၊ နားလည်ခွင့်လွှတ်မှု၊ ညီရင်းအစ်ကို မောင်ရင်းနှမ စိတ်ဓာတ်တို့ဖြင့် စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင် စုကြီး တည်ဆောက်ကြဖို့ အလေးအနက်ထားတိုက်တွန်းလိုပါတယ်။