NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ပြောကြားသည့် အဖွင့်မိန့်ခွန်း (၁၅-၁၀-၂၀၂၅)
ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများခင်ဗျာ ဒီကနေ့ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြားမှာ “တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement–NCA)” ကို ချုပ်ဆိုနိုင်ခဲ့တာ (၁၀)နှစ်ပြည့်မြောက်တဲ့ မင်္ဂလာရှိသောနေ့ပဲဖြစ်ပါတယ်။ ယခုလိုအချိန်အခါသမယမှာ သဘောတူစာချုပ် စတင်လက်မှတ်ရေးထိုးချိန်က ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ တိုင်းရင်းသားခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအတွက် အကျိုးဆောင်ပေးနေကြတဲ့ ပုဂ္ဂိုလ်များ၊ နိုင်ငံတကာအသိသက်သေများ၊ ပြည်တွင်းအသိသက်သေများ၊ ပြည်ထောင်စုကြီးအတွင်းမှာရှိကြတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ…
