ပဲ့တင်ထပ်နေသော ငြိမ်းချမ်းရေးဖိတ်ခေါ်သံများ
လက်နက်ကိုင်ပဋိပက္ခများ၏ အခြေခံဇာစ်မြစ် မိမိတို့နိုင်ငံသားများသည် စိတ်အေးချမ်းသာယာမှုကို မြတ်နိုးကြသည်။ မရှိလည်း အေး၊ ရှိလည်း အေး၊ ငြိမ်းငြိမ်းချမ်းချမ်း နေလိုကြသည်။ သို့သော် ထိုသို့ မနေရပါချေ။ ခေတ်အဆက်ဆက် လက်နက်ကိုင်ပဋိပက္ခများကြောင့် မျက်ရည်ပေါက်ကြီးငယ် ကျခဲ့ကြရသည်။ အထုပ်ကိုယ်စီဆွဲ၍ ပြေးခဲ့ လွှားခဲ့ ကြရဖူးသည်။ ယခုတိုင်လည်း ဤဒုက္ခမျိုး ငြိမ်းကြပြီဟု မဆိုနိုင်သေးပေ။ …
