NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်လာသူများ၏ စကားသံများ (၁၆-၁၀-၂၀၂၅)
၁၆-၁၀-၂၀၂၅တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ၁၀နှစ်တာကာလအတွင်း အကောင်အထည်ဖော်နိုင်မှုများ၊ အောင်မြင်မှုများနှင့် သင်ခန်းစာများကိုဆန်းစစ်သုံးသပ်ရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှရရှိခဲ့သည့် အတွေ့အကြုံများနှင့်အမြင်များကို မျှဝေနိုင်ရန်အတွက် အဓိကသက်ဆိုင်ရာအဖွဲ့အစည်းများ၊ Stakeholders များအကြား ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးပါဝင်သည့် ကျယ်ပြန့်သောတွေ့ဆုံဆွေးနွေးမှုများကိုမြှင့်တင်ရန်၊ NCA ၏ပကတိအနှစ်သာရနှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြည်သူလူထုသဘောပေါက်သိရှိနားလည်ပြီး ပိုမိုပူးပေါင်းဆောင်ရွက်လာနိုင်မည့် အခန်းကဏ္ဍများကိုဖော်ထုတ်ရန်၊ အနာဂတ်မြန်မာနိုင်ငံတော်ကို တည်ဆောက်ခြင်း လုပ်ငန်းစဉ်တွင် ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ရွေးကောက်ပွဲတို့ကို ပေါင်းစပ်ဆောင်ရွက်ရန်၊ ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို ဒေသန္တရအဆင့်၊…
