နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှသီးသန့်အစည်းအဝေး၏ သဘောတူထုတ်ပြန်ကြေညာချက်
၁။ နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေကို နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ အောက်ပါရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည် - (က) ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)အား စတင်လက်မှတ်ရေးထိုးသည်မှာ (၃) နှစ်ပြည့်မြောက်…
