နောက်တစ်ခါ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုပေါ့လေ။ ဒီမိုကရေစီနဲ့ဖက်ဒရယ် အုပ်ချုပ်ရေးနှစ်ခုပေါင်းစပ်ထားတဲ့ ပြည်ထောင်စုကို ကျွန်တော်တို့ သွားကြမယ်။ ဒီမိုကရေစီမှာလည်း တူညီတဲ့ ဒီမိုကရေစီအခွင့်အရေးပေးရမှာ။ ဥပဒေအရပဲ ကျွန်တော်တို့ပေး ကြရတာ။ ဆိုလိုတာကတော့။ တူညီတဲ့ ဒီမိုကရေစီအခွင့်အရေး ပေးထားတယ်။ ဒီလိုပဲဖက်ဒရယ်လို့ ပြောလို့ရှိရင်လည်း အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်တာကို မျှဝေခံစားပြီးတော့ ခွင့်ပြုပေးတာပါ။ ခရိုင်အဆင့်ဆိုရင် ဘယ်လိုလုပ်မယ်။ မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်ဆို ဘယ်လို လုပ်မယ်။ ဒါမှမဟုတ်လို့ ရှိရင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆို ဘာလုပ်မလဲ။ ပြည်ထောင်စု ဆိုဘာလုပ်မလဲ။ ကြွင်းကျန်အာဏာရပ်တွေဆို ပြည်ထောင်စုက ဘယ်လိုကျင့်သုံးမလဲစသည်ဖြင့် ဒါတွေကို ကျွန်တော်တို့က ခွဲဝေသတ်မှတ်ပေးတာ။ ဒါကိုမျှအောင်လုပ်ပေးရတာပါ။ ဒါဖက်ဒရယ် စနစ်ပါပဲ။ အကြမ်းဖျဉ်း ပြောရလို့ရှိရင် ဒါပေမယ့်ဖက်ဒရယ်စနစ်ဆိုသော်လည်းပဲ ကမ္ဘာမှာရှိတဲ့ ဖက်ဒရယ်နိုင်ငံတွေ တစ်နိုင်ငံနဲ့တစ်နိုင်ငံနဲ့ မတူကြပါဘူး။ ဒါကြောင့် ကျွန်တော်တို့က မြန်မာနိုင်ငံနဲ့ လိုက်လျော ညီထွေဖြစ်တဲ့ ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်ကိုပဲ ကျွန်တော်တို့သွားမယ်။ အားလုံးက တော့တူညီတဲ့ အခွင့်အရေးရရမယ်၊ ကျွန်တော် ဒီလိုခံယူပြီးတော့ ပြောခဲ့ရခြင်းဖြစ်ပါတယ်”ဟု ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၅/၂၀၂၂)တွင် ပြောကြားသည့် အမှာစကား ကောက်နုတ်ချက် (၁၆-၆-၂၀၂၂)
- Post author:NSPNC
- Post published:June 16, 2022
- Post category:ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ
Please Share This Share this content
You Might Also Like
၂၀၂၄ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ကောက်နုတ်ချက် (၁-၁-၂၀၂၄)
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၄)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင်ပြောကြားသည့် မိန့်ခွန်း ကောက်နုတ်ချက် (၂-၁၂-၂၀၂၂)
