နေပြည်တော်၊ (၁၅-၁၀-၂၀၂၆)
NCA (၁၁) နှစ်မြောက် နှစ်ပတ်လည့်နေ့အခမ်းအနားတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိူင်က Video Message ဖြင့် ပြောကြားသည်။
ထိုသို့ ပြောကြားရာတွင် ပြည်နယ်တစ်ခုသည် လူမျိုးတစ်မျိုးတည်းရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘဲ အဆိုပါဒေသမှာ နေထိုင်ကြတဲ့ လူမျိုးအားလုံးရဲ့ ပိုင်ဆိုင်မှုဖြစ်တယ်ဆိုတဲ့ သဘောထားကို အလေးထားဖိုလိုကြောင်း ပြောကြားသည်။
ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေဟာ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူတွေအတွက် ဆုံးရှုးနစ်နာမှုတွေကိုသာ ဖြစ်ပေါ်စေခဲ့ပြီး ဒေသဖွံဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုစီးပွားဘဝတွေကိုလည်း ထိခိုက်စေခဲ့ပါကြောင်း။
ထိုကြောင့် ငြိမ်းချမ်းရေးဟာ နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံအုတ်မြစ်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
Source : PPIB
