You are currently viewing ရင်နှစ်ပန်းများ ပြည့်အင်အား

ရင်နှစ်ပန်းများ ပြည့်အင်အား

“ရင်နှစ်ပန်းများ ပြည့်အင်အား”

  • ညီအစ်ကိုအစစ် အရင်းတွေမို့

စစ်တလင်း မဖြစ်စေချင်။

အန်စီအေဖော်ဆောင်နှင်းပါခဲ့

ချစ်ခြင်းဖြင့်ပင်။

တပ်မတော်ကဖိတ်ခေါ်လျှင်

တိုင်ပင်လို့ဆွေးနွေး။

မငြိမ်းချမ်းလျှင်မစိမ်းလန်းနိုင်ဘု

ငြိမ်းချမ်းကာပြည်သာဖို့

စိမ်းလန်းကာစည်ဖြာဖို့

ပြည်သာအောင်ညီညာမှုကို

ရှေးရှုခဲ့သေး။

  • ခရီးရှည်ငြိမ်းချမ်းရေး

မပြီးသေးလျှောက်ဆဲပင်။

လူငယ်တွေပါဝင်မှ

ပြည့်ဝမည်ပင်။

အနာဂတ်ပြည်တစ်ခွင်

စည်ပင်စွာဖွံ့ဖြိုးဖို့။

ရှမ်း ချင်း ကချင်နှင့်

မွန်ကရင်ရခိုင်ဗမာကယားငဲ့ပြင်

အားလုံးနောင်ညီဆွေတို့တောင်ပေါ်နေပြန့်မခွဲ

လက်တွဲကြစို့။

  • ဘိုးဘွားတွေအထွတ်အမြတ်သွေးရယ်ကြောင့်

လွတ်လပ်ရေးရခဲ့သည်။

အဖေအမေ ဦး အဒေါ်များရယ်က

ဘိုးဘွားမွေမကွယ်ပျောက်အောင်

စောင့်ရှောက်ခဲ့ပြီ။

တို့များကလူငယ်ပီပီ

တို့တိုင်းပြည်ခိုင်မာရေး။

          မြန်မာဟေ့ကြွေးကြော်မည်ကမ္ဘာအရှည်တည်တံ့ရေး။

ငြိမ်းချမ်းရေးတည်ဆောက်မည်

တို့ပြန်လည်သင့်မြတ်ရေး။

ဟေ့..အလှည့်ကျလျှင်ဖြင့်

နွဲ့မရဘူး လူငယ်တွေရဲ့

တို့တိုင်းပြေ(ပြည်)ရေရှည်အကျိုးကို

မျှော်ကိုးစို့လေး။

  • လူငယ်ဟူသည်

တိုင်းပြည်၏ရင်နှစ်ပန်း။

သည်ပန်းတွေဖြူစင်သန့်မှ

မွှေးပျံ့ပြည်တစ်ဝန်း။

  • လူငယ်ဟူသည်

တိုင်းပြည်၏အနာဂတ်။

ပစ္စုပ္ပန်အယူဖြောင့်ပါမှ

ပူ ကြောင့် စရာဘာမလိုတဲ့

အနာဂတ်ကိုခေါင်းဆောင်မှု

ပြုနိုင်လိမ့်မှတ်။         

မြင်းမူမောင်နိုင်မိုး