You are currently viewing မျိုးဆက်တာဝန် ကျေပွန်စို့

မျိုးဆက်တာဝန် ကျေပွန်စို့

“မျိုးဆက်တာဝန် ကျေပွန်စို့”

  • နိုင်ငံသားမှန်၊ ကိုယ့်နိုင်ငံကို

ဝန်းရံစောင့်ရှောက် ရပေမည်။

  • ဒို့ပြည်ထောင်စု၊ တည်တံ့မှုတွက်

ပေါင်းစုအင်အား၊ စွမ်းပကားဝယ်

နိုးကြား တက်ကြွ၊ ကြံဆ ဆန်းသစ်

ခေတ်နှင့် ရှင်သန်၊ အားမာန်လုံ့လ

ပြည့်ဝကြသည့်

မြန်မာ့လူငယ်၊ ဒို့မောင်မယ်ကား

ခန့်ထည်ထွန်းသစ်၊ အင်အားစစ် တည့်။

  • သူငါမောင်မယ်၊ အမြင်ကျယ်လျက်

နောင်ဝယ်ပြည့်အရေး၊ ကြောင့်ကြဝေးအောင်

ဆွေးနွေး လက်ဆုံ၊ တွေ့ကြုံ ဝေမျှ

ဆန္ဒ ဖုံဖုံ၊ ကျိုးကြောင်းစုံကို

ခြုံငုံသုံးသပ်၊ ချင့်ချိန်တတ်စွာ

သင့်မြတ်မှုကို ရှာကြစို့။

  • တိုင်းရင်းသားချင်း၊ စည်းလုံးခြင်းနှင့်

ရင်းနှီးနွေးထွေး၊ ဆက်ဆံရေးကို

အရေးတယူ၊ အလေးမူလျက်

တူမျှ ယှက်နွယ်၊ အသိကြွယ်စွာ

ရည်ရွယ် တည်ဆောက် ကြပါစို့။

  • အို… ခေတ်၏ရှေ့ဆောင်၊ လူငယ်မောင်တို့-

မြန်မာ့လူ့ဘောင်၊ ထူထောင်ရာဝယ်

ပညာ ရှိရှိ၊ အသိ မှန်မှန်

အကြံ ဖြောင့်ဖြောင့်၊ အမှောင့် ကင်းကင်း

ချစ်ခင်ခြင်း စည်းလုံးခြင်း

အေးချမ်းခြင်း သာယာခြင်း

ငြိမ်းချမ်းခြင်း တိုးတက်ခြင်း

ကောင်းခြင်းစုံလင်၊ မြတ်ဂုဏ်အင်နှင့်

ဆင်စီး မြင်းရံ၊ တင့်တယ်ရန်တွက်

ရည်သန် အားထုတ် ကြပါစို့၊

မျိုးဆက်တာဝန် ကျေပွန်စို့။             ။

မျိုးမြတ်မြတ်မြင့်မောင်

Leave a Reply