“နိုင်ငံတော်သစ် ဖွင့်လှစ်စို့”
နိုင်ငံတော် ဖွံ့ဖြိုးရေး
တိုးတက်ရေး အဖြာဖြာ၊
ယမ်းနံ့စင် ငြိမ်းချမ်းခြင်း
ရင်းမူလသာ၊
စိုးထိတ်မှု ကင်းစွာ
အရာရာ မခက်ခဲ၊
များပြည်သူ ဘုံအကျိုးမို့
တို့လူငယ် အားမာန်နှိုး
ကြိုးပမ်းဆင်နွှဲ။
ပြည်တစ်ခွင် ငြိမ်းချမ်းရေး
အလေးပေး ဆောင်ရွက်စဉ်၊
ကျရာဝန် ကိုယ်စီထမ်းမှ
ဖြောင့်တန်းမည်ပင်၊
လူငယ်ထု သူငါယှဉ်
တူပါဝင် စွမ်းဆောင်မှ၊
စိတ်ကူးဉာဏ် အတွေးသစ်နဲ့
လုပ်ငန်းစဉ် ခြေလှမ်းသစ်
ဖွင့်လှစ်မည်ပါ့။
ရေရှည်တည် ခိုင်ဖို့တွေး
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊
လူငယ်တွေ ပါဝင်ပေါင်းမှ
အားကောင်းမည်ပင်၊
အနာဂတ် ခေတ်အစဉ်
သစ်လွင်စွာ ဖော်ဆောင်ဖို့၊
ခေတ်လူငယ် မောင်မယ်များ
အားသစ်ဆောင်စို့။
အနာဂတ်ကို ပိုင်စိုးတဲ့
