NCA (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ (၁၆-၁၀-၂၀၂၆)
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အမှတ်တရလက်ဆောင်ပေးအပ်ခြင်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ်စကား ပြောကြားရာတွင် အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးသူများက အချက်အလက်အပြည့်အစုံဖြင့် ဆွေးနွေးနိုင်ခဲ့ကြကြောင်း၊ ဆွေးနွေးမှုများအရ တိုင်းရင်းသားများတွင် ကိုယ်ပိုင်ယဉ်ကျေးမှုရှိကြပြီး အတူတကွငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်လျက်ရှိကြကြောင်း၊
