တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ (၁၅-၁၀-၂၀၂၄)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၉)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Video Message ပေးပို့၍ မိန့်ခွန်းပြောကြားသည်။အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊…

Continue Readingတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ (၁၅-၁၀-၂၀၂၄)

NCA (၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ စကားသံများ (၁၅-၁၀-၂၀၂၄)

ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(ငြိမ်း) အဖွဲ့ဝင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ကျွန်တော်တို့တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိဖို့အတွက် လက်မှတ်ထိုးခဲ့တာ ဒီနေ့ဆို(၉)နှစ် ပြည့်မြောက်ပါပြီ။ ငြိမ်းချမ်းရေးက နိုင်ငံတော်အစိုးရအဆက်ဆက်ကြိုးပမ်းခဲ့ကြတယ်။ NCA ပေါ်ပေါက်လာတာက သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာ ဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေးရဲ့အရသာကို အတော်ခံစားခဲ့ရပါတယ်။ တစ်တိုင်းပြည်လုံး လွတ်လွတ်လပ်လပ်သွားလာနိုင်တဲ့ အခြေအနေ၊ တစ်နိုင်ငံလုံး လွတ်လွတ်လပ်လပ် ကူးသန်းရောင်းဝယ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ကာလ ကြုံတွေ့ရပါတယ်။ ဒါကိုတည်မြဲအောင် ဆက်လက်ကြိုးပမ်းရင်း မမျှော်လင့်တဲ့ကိစ္စတွေ…

Continue ReadingNCA (၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ စကားသံများ (၁၅-၁၀-၂၀၂၄)

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် NCA (၉) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားသည့်မိန့်ခွန်း (၁၅-၁၀-၂၀၂၄)

ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား-ဒီနေ့ကတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြား သဘောတူညီမှုရရှိခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement–NCA)ကို ချုပ်ဆိုနိုင်ခဲ့တဲ့ (၉)နှစ်ပြည့်မြောက်တဲ့နေ့ပဲဖြစ်ပါတယ်။ ဒီနေ့အခါသမယမှာ သဘောတူစာချုပ် စတင်လက်မှတ်ရေးထိုးခဲ့ချိန်မှာပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်တွင်းပြည်ပမှ အသိသက်သေများ၊ ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့ဖြင့် ကောင်းကျိုးလိုရာများ ပြည့်ဝနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျာ။NCA စတင်ချုပ်ဆိုချိန်ကတည်းက “ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တာဝန်ယူမှု၊…

Continue Readingအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် NCA (၉) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားသည့်မိန့်ခွန်း (၁၅-၁၀-၂၀၂၄)