NCA

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်

(၄-၁-၂၀၂၄ ရက်တွင် ကျရောက်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် ဤ Website ကို စတင်ထုတ်လွှင့်ပါသည်)

NCA ဦးတည်ချက်နှင့်ရည်ရွယ်ချက်များ

(၁)

ဤစာချုပ်ကို လက်မှတ်ရေးထိုးသူများအကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းအား လက်ခံ ဆောင်ရွက်ပြီးနောက် တရားမျှတမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေး တို့အတွက် နှစ်ဖက်သဘောတူထားသည့် နိုင်ငံရေးဆွေးနွေးရေးမူဘောင်ပေါ်တွင်အခြေခံ၍ ပါဝင်သင့်သူအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်ကို စတင်ရန်။

(၂)

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းဆိုင်ရာ သဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်မှုများ၊ ကျင့်ဝတ်စည်းကမ်းများအား လိုက်နာမှုကိုစောင့်ကြည့်ရေး၊ ချိုးဖောက်မှုများကို စုံစမ်း စိစစ်ရေးနှင့် ပဋိပက္ခများဖြေရှင်းရေးတို့ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် “ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ” တစ်ရပ်ကို ဖွဲ့စည်းသွားရန်။

(၃)

ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ချုပ်ဆို ထားသော သဘောတူညီချက်များနှင့် ကတိကဝတ်များကို ထပ်လောင်းအတည်ပြုရန်။

(၄)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တော်လှန်ရေးကို အခြေခံသည့် နိုင်ငံရေး ဆန္ဒကို နားလည်ခြင်းနှင့် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲမှုတို့ကို ဦးတည်လျက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်တွင် ပါဝင်သင့်ပါဝင်ထိုက်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး အတူတကွ ပါဝင်လက်မှတ်ရေးထိုးရန်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ NCA(၈)နှစ်မြောက်နှစ်ပတ်လည်နေ့မိန့်ခွန်းကောက်နုတ်ချက်...

“ရှေ့သို့ချီမည် ပန်းတိုင်ဆီ” စိတ်ဓာတ်နဲ့အညီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နဲ့ ဦးတည်ချက်(၉)ရပ်ပါအတိုင်း မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်သလို နိုင်ငံတော်ကြီးတည်ငြိမ်အေးချမ်းရေးအတွက် NCA ကို အလေးထားဆောင်ရွက်သွားမှာဖြစ်လို့ ပြည်သူလူထုတစ်ရပ်လုံးကလည်း ပူးပေါင်းဆောင်ရွက်သွားကြပါ။

“ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့”

“ထာဝရငြိမ်းချမ်းရေးရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်”

“ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်”

"NCA မှသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဆီသို့"

"NCA အခမ်းအနားများမှ မှတ်တမ်းပုံရိပ်များ"

'ငြိမ်းချမ်းရေးအုတ်မြစ်ခိုင်မြဲဖို့ အပစ်ရပ်ကြစို့'

"From NCA To Sustainable Peace"

ဆက်သွယ်ရန်

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်း‌ချမ်းရေးဖော်ဆောင်မှုဗဟိုဌာန(NSPC)

Address:

မဟာသုခလမ်းနှင့်ဉာဏအောင်မြေလမ်းထောင့်၊ဘောဂသိဒ္ဓိရပ်ကွက်၊ဇဗ္ဗူသီရိမြို့နယ်၊နေပြည်တော်။

Phone:

067-3422737

Our latests Posts

“လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂ဝ၂၆” ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်ယာယီသမ္မတ တက်ရောက်ဖွင့်လှစ်ပြီး အဖွင့်အမှာစကားပြောကြား (၁၃-၁-၂၀၂၆)

“လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆” ဖွင့်ပွဲအခမ်းအနားကို ၁၃-၁-၂၀၂၆ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ…

လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှတစ်ဆင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို ပုံဖော်စို့ (၁၂-၁-၂၀၂၆)

၁၃-၁-၂၀၂၆မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်ရာ နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ မတူကွဲပြားသော ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း သမိုင်းကြောင်းအသီးသီးတို့ရှိကြသည့်အပြင် လူမှုဘဝနေထိုင်မှုပုံစံမတူညီသော ပြည်ထောင်စုနိုင်ငံ တစ်ခုဖြစ်ပါသည်။လူငယ်များ၏အခန်းကဏ္ဍအမိပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသည့် လူဦးရေ၏ ၃ ပုံ…

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ပြည်ပနိုင်ငံ အကြီးအကဲများက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ (၆-၁-၂၀၂၆)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အခါသမယအတွက် ပြည်ပနိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ထံ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ (၆-၁-၂၀၂၆)

မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင် ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်း စွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့

လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပရေးဦးစီးကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ (၅-၁-၂၀၂၆)

လူငယ်များ၏ သဘောထားဆန္ဒအသံများကို လေ့လာဖော်ထုတ်၍ ဆက်လက်ဆောင်ရွက်မည့် လူငယ်လုပ်ငန်းစဉ် အစီအစဉ်များကို ရယူဖော်ထုတ်သွားမည်ဖြစ်