Peace Forum 2025 ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြားသည့်အဖွင့်မိန့်ခွန်း(၂၅-၆-၂၀၂၅)
အားလုံးပဲ မင်္ဂလာပါဒီကနေ့ကျင်းပတဲ့ ငြိမ်းချမ်းရေးဖိုရမ် (Peace Forum 2025) ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာကြတဲ့နိုင်ငံတော်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာမှ ဧည့်သည်တော်များ၊ နိုင်ငံခြားသံရုံးအသီးသီးမှသံတမန်များ၊ ဖိုရမ်မှာပါဝင်ဆွေးနွေးကြမယ့် ပြည်တွင်းပြည်ပပညာရှင်များ၊ နိုင်ငံရေးပါတီများမှတာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များနဲ့ တက်ရောက်လာကြသူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာနှုတ်ခွန်း ဆက်သအပ်ပါတယ်။ဒီကနေ့ကစပြီး ကျင်းပမယ့်ငြိမ်းချမ်းရေးဖိုရမ်ဟာ နိုင်ငံတကာကပညာရှင်ကြီးများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ပုဂ္ဂိုလ်များကိုယ်တိုင်…
