တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ၂-၉-၂၀၂၅ ရက် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီခွဲတွင် တီယန်ကျင်းဘူတာမှ ပေကျင်းမြို့သို့ အထူးအမြန်ရထားဖြင့် ထွက်ခွာကြသည်။ထိုသို့ထွက်ခွာစဉ် တီယန်ကျင်းဘူတာရုံ၌ တီယန်ကျင်းမြို့ မြူနီစီပယ်အစိုးရမှ ဒုတိယဝန်ကြီးအဆင့်ရှိသူတစ်ဦးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။ ထိုသို့ ပို့ဆောင်နှုတ်ဆက်စဉ် တရုတ်နိုင်ငံမှပြည်သူများက ဘူတာရုံလျှောက်လမ်း၌…