ဒေါက်တာညိုညိုသင်း“တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ငြိမ်းချမ်းရေး စကားဝိုင်းဆွေးနွေးပွဲကို မတ် ၂၄ ရက်မှစတင်၍ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ သုံးရက်တာကျင်းပခဲ့ရာ ယနေ့စကားဝိုင်းဆွေးနွေးပွဲ တတိယနေ့တွင် ပါဝင်တက်ရောက် ဆွေးနွေးကြသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်။ဒေါက်တာ ညိုညိုသင်းပါဝင်သင့်ပါဝင်ထိုက်သူများအစုအဖွဲ့ဒီဆွေးနွေးပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြောင်းလဲရေးအတွက် ပြည်သူလူထုကိုယ်စား ပြင်သင့်ပြင်ထိုက်တာတွေကို ဒီဆွေးနွေးပွဲမှာ လာရောက်တင်ပြဆွေးနွေးခဲ့ပါတယ်။ ပြည်သူလူထုရဲ့သဘောထားတွေကို တရားဝင်တင်ပြခွင့်ရတဲ့ စကားဝိုင်းတစ်ခု ဖြစ်ပါတယ်။…