You are currently viewing ပြည်နယ်တစ်ခုသည် လူမျိုးတစ်မျိုးတည်း၏ ပိုင်ဆိုင်မှုမဟုတ်ဘဲ ဒေသတွင်းနေထိုင်သည့် လူမျိုးအားလုံး၏ ပိုင်ဆိုင်မှုဖြစ်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်မွေးမြူရန်လိုအပ်ကြောင်း နိုင်ငံတော်သမ္မတပြောကြား (၁၅-၁၀-၂၀၂၆)

ပြည်နယ်တစ်ခုသည် လူမျိုးတစ်မျိုးတည်း၏ ပိုင်ဆိုင်မှုမဟုတ်ဘဲ ဒေသတွင်းနေထိုင်သည့် လူမျိုးအားလုံး၏ ပိုင်ဆိုင်မှုဖြစ်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်မွေးမြူရန်လိုအပ်ကြောင်း နိုင်ငံတော်သမ္မတပြောကြား (၁၅-၁၀-၂၀၂၆)

နိုင်ငံတော်သမ္မတက ပြည်နယ်တစ်ခုသည် လူမျိုးတစ်မျိုးတည်း၏ ပိုင်ဆိုင်မှုမဟုတ်ဘဲ ထိုဒေသတွင် နေထိုင်ကြသည့် လူမျိုးအားလုံး၏ ပိုင်ဆိုင်မှုဖြစ်သည့်သဘောကို အလေးထားပြီး ပြည်ထောင်စုစိတ်ဓာတ် မွေးမြူကြရန်ပြောကြားသည်။

ထိုပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲများအနေဖြင့် ငြိမ်းချမ်းရေးရယူပြီးနောက် နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးကဏ္ဍများတွင် ပါဝင်လိုပါက သက်ဆိုင်ရာဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ကြောင်း၊ သာမန်အရပ်သားပြည်သူများကဲ့သိုလည်း ဥပဒေအကာအကွယ်ဖြင့် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါပြောကြားချက်ကို NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက နိုင်ငံတော်သမ္မတထံ လာရောက်ဂါရဝပြုတွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။