မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ NCA စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးခြင်းအခမ်းအနား (၁၃-၂-၂၀၁၈)

မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့၏ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်းအခမ်းအနားအား ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) နေပြည်တော်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကိုယ်စား နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊  ဒုတိယသမ္မတများဖြစ်ကြသည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း တို့ကလည်းကောင်း၊  မွန်ပြည်သစ်ပါတီ (NMSP) မှ ဥက္ကဋ္ဌ နိုင်ထောမွန်၊ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း၊ စစ်ဦးစီးချုပ် နိုင်လယီကောင်း၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) မှ ဥက္ကဋ္ဌ ကြာခွန်ဆာ၊ ဒုတိယဥက္ကဋ္ဌ ကြာဆော်လမွန်၊ ဗဟိုကော်မတီဝင် နာဗစ်ဘွန်တို့ကလည်းကောင်း၊ ပြည်တွင်းအသိသက်သေများအဖြစ် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီမှ  နိုင်သက်လွင်၊    ဦးခင်ဇော်ဦး၊  ဦးခွန်မောင်သောင်း၊   ဦးသုဝေ၊   ဒေါက်တာ တူးဂျာ၊  ဦးသိန်းထွန်း၊     ငြိမ်းချမ်းရေးကော်မရှင်မှ   ဦးသိန်းဇော်၊  ဦးအောင်စိုး၊ ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီမှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဦးပြည့်စုံ၊ ဦးမောင်မောင်ငြိမ်း၊ သူရဦးဘိုနီ၊ Rev. စောမက်သရူးအေး၊ စိုင်းမျိုးသန့်၊ ဦးကိုကိုကြီးတို့ကလည်းကောင်း၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မင်းစိုးလင်း၊ မွန်တိုင်းရင်းသားရေးဝန်ကြီး ဦးမင်းတင်ဝင်း၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးယောသပ်၊ ရှမ်းတိုင်းရင်းသားရေးဝန်ကြီး ဒေါ်မွှေးမွှေးခင်တို့ကလည်းကောင်း၊ နိုင်ငံတကာအသိသက်သေများအဖြစ် ကမ္ဘာ့ကုလ သမဂ္ဂမှ Her Excellency Dr. Shamshad Akhtar တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ His Excellency Mr. Sun Guoxiang ၊ ဂျပန်နိုင်ငံမှ His Excellency Mr. Yohei SASAKAWA ၊ အိန္ဒိယသမ္မတနိုင်ငံမှ His Excellency Mr. Rajinder Khana၊ ထိုင်းနိုင်ငံမှ His Excellency Mr. Virasakdi Futrakul ၊ ဥရောပသမဂ္ဂမှ Mr. Kristian Schmidt တို့ကလည်းကောင်း ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါသည်။

မှီငြမ်းကိုးကား။         ၂၀၁၈ ခုနှစ် NMSP နှင့် LDU တို့၏ NCA စာချုပ်မှ