နိဒါန်း
၁။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံစတုတ္ထအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၉ ရက်မှ ၂၁ ရက်ထိ နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ကျင်းပခဲ့ပါသည်။ ညီလာခံသို့ အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့၊ နိုင်ငံရေးပါတီများအစုအဖွဲ့နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ အစုအဖွဲ့ စုစုပေါင်း (၄၂၂) ဦး တက်ရောက်ခဲ့ပါသည်။
ရည်ရွယ်ချက်
၂။ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာရန်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲများမှ ပေါ်ထွက်လာသည့် ရလဒ်များနှင့်အညီ တည် ဆောက်ရန် ရည်ရွယ်ပါသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံစတုတ္ထအစည်းအဝေးအစုအဖွဲ့အလိုက် ညီလာခံ ကိုယ်စားလှယ်ဦးရေသတ်မှတ်ချက်
၃။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံစတုတ္ထအစည်းအဝေး တက်ရောက်ရန် အစုအဖွဲ့အလိုက် ညီလာခံကိုယ်စားလှယ် (၂၃၀)ဦး သတ်မှတ်ထားခဲ့ပါသည်။ ၎င်းတို့မှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံစတုတ္ထအစည်းအဝေး အစုအဖွဲ့အလိုက် ညီလာခံ ကိုယ်စားလှယ်ဦးရေသတ်မှတ်ချက်
၄။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံစတုတ္ထအစည်းအဝေး တက်ရောက်ရန် အစုအဖွဲ့အလိုက် ညီလာခံကိုယ်စားလှယ် (၂၃၀)ဦး သတ်မှတ်ထားခဲ့ပါသည်။ ၎င်းတို့မှာ အောက်ပါ အတိုင်းဖြစ်ပါသည်-
- အစိုးရအစုအဖွဲ့ – ၂၅ ဦး
- လွှတ်တော်အစုအဖွဲ့ – ၂၅ ဦး
- လွှတ်တော်အစုအဖွဲ့ – ၅၀ ဦး
- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့ – ၅၀ ဦး
- နိုင်ငံရေးပါတီများအစုအဖွဲ့ – ၅၀ ဦး
- ပါဝင်သင့် ပါဝင်ထိုက်သူများအစုအဖွဲ့ – ၁၅ ဦး
- တိုင်းရင်းသားကိုယ်စားလှယ်များအစုအဖွဲ့ – ၁၅ ဦး
- စုစုပေါင်း -၂၃၀ ဦး
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံစတုတ္ထအစည်းအဝေးတက်ရောက်သူများ စာရင်း
၅။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံစတုတ္ထအစည်းအဝေးသို့ အောက်ပါ အတိုင်း တက်ရောက်ခဲ့ကြပါသည်-
ညီလာခံတက်ရောက်သူများ -၂၈၅ ဦး
- အစိုးရအစုအဖွဲ့ – ၂၅ ဦး
- လွှတ်တော်အစုအဖွဲ့ – ၂၂ ဦး
- တပ်မတော်အစုအဖွဲ့ – ၄၈ ဦး
- တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ – ၅၆ ဦး
- နိုင်ငံရေးပါတီများအစုအဖွဲ့ – ၆၀ ဦး
- ပါဝင်သင့် ပါဝင်ထိုက်သူများအစုအဖွဲ့ – ၁၅ ဦး
- တိုင်းရင်းသားကိုယ်စားလှယ်များအစုအဖွဲ့ – ၁၅ ဦး
- JMC – ၂ ဦး
- UCCPF – ၆ ဦး
- အကျိုးဆောင် – ၆ဦး
- အထောက်အကူပြုအဖွဲ့ – ၁၃၁ ဦး
- စုစုပေါင်း – ၄၂၂ ဦး
ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ချုပ်ဆိုခြင်း
၆။ ဤညီလာခံကြီးတွင် ချုပ်ဆိုသော ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃)တွင် အောက်ပါအတိုင်း သဘောတူညီချက်(၂၀)ချက်နှင့် ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည် ဖော်မှုများကို ရရှိခဲ့ပါသည်-
- အပိုင်း(၁)၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်(၁၅)ချက်၊
- အပိုင်း(၂)၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင် အထည်ဖော်မှုများ၊
- အပိုင်း(၃)၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန် အခြေခံမူသဘောတူညီချက်(၅)ချက်၊
၇။ အထက်ပါ သဘောတူညီချက်များကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်အပိုဒ်၂၀(င)အရပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း(၃)အဖြစ် ဤပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံစတုတ္ထ အစည်းအဝေးတွင် အစုအဖွဲ့အသီးသီး၏ ခေါင်းဆောင်များနှင့် အသိသက်သေများက လက်မှတ် ရေးထိုးခဲ့ကြပါ သည်။
နိဂုံး
၈။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၉ ရက်မှ ၂၁ ရက်အထိ နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ကျင်းပခဲ့ပါသည်။ ဤညီလာခံမှ ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း (၃)ကို သဘောတူညီမှုရရှိခဲ့ပါသည်။
မှီငြမ်းကိုးကား
- တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်
- ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှတ်တမ်း