တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား
အခမ်းအနားကျင်းပသည့် နေ့ရက်၊ အချိန် ၊နေရာ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်းအခမ်းအနား နှစ်ပတ်လည်နေ့အား ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတက်ရောက်သူများ
အခမ်းအနားသို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးစဉ်ပါဝင်ခဲ့သည့် ပြည်တွင်းသက်သေများ၊ မြန်မာနိုင်ငံအခြေစိုက်သံရုံးများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် Nippon Foundation မှ မစ္စတာ ဆာဆာကာဝါ အပါအဝင် အလှူရှင်များ၊ NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီမှ လူဟောင်းများ၊ ယခင် MPC မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုအဆင့်ကော်မတီ၊ ကော်မရှင်မှကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
မှီငြမ်းကိုးကား။ NCA ၂ နှစ်ပြည့်အခမ်းအနားကျင်းပမှု သတင်းစာများ
