You are currently viewing တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၇) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနား

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၇) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနား

အခမ်းအနားကျင်းပသည့်နေ့ရက်၊ အချိန်၊ နေရာ

၁။      ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို နံနက် (၀၉:၀၀) နာရီ အချိန်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန (NSPC) ၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC-II) ၊ နေပြည်တော်၌ လက်တွေ့ကျကျ အဓိပ္ပာယ်ရှိရှိ စီစဉ်ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတက်ရောက်သူများ

၂။       တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားအား အောက်ပါ အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည် –

          (က)    ညှိနှိုင်းရေးကော်မတီမှ တက်ရောက်သူများစာရင်း                                                 ၁၃ ဦး

          (ခ)    ဧည့်သည်တော်များအဖြစ် တက်ရောက်သူများစာရင်း                                             ၁၂ ဦး

          (ဂ)    NCA-S EAO များမှ တက်ရောက်သူများစာရင်း                                                    ၁၄ ဦး

                   စုစုပေါင်း                                                                                                    ၃၉ ဦး

နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပခြင်း အစီအစဉ်

၃။      တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၇) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားအား အောက်ပါအစီအစဉ်များအတိုင်း ဆောင်ရွက်ခဲ့ပါသည် –

(က)    အစီအစဉ်()။   တွေ့ဆုံပွဲ စတင်ကြောင်း ကြေညာခြင်း။

(ခ)      အစီအစဉ်()။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA(၇)နှစ်မြောက်နှစ်ပတ်လည်နေ့ မိန့်ခွန်းပြောကြားခြင်း။ (Video Message)

(ဂ)     အစီအစဉ်()။   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က NCA (၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှာစကား ပြောကြားခြင်း။

(ဃ)    အစီအစဉ်()။   NCA လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့မှုနှင့် နှစ်ပတ်လည်နေ့များ ကျင်းပဆောင်ရွက်ခဲ့မှုများအား အကျဉ်းချုံး ရှင်းလင်းတင်ပြခြင်း။ (၁၀ မိနစ်)

(င)      အစီအစဉ်()။   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစမှ NCA စာချုပ်ဖြစ်ပေါ်လာသည်အထိ ကိုယ်တိုင်ပါဝင်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် ဧည့်သည်တော်များက NCA အထိမ်းအမှတ် အမှတ်တရစကားများ ပြောကြားခြင်း –

          (၁)      ဦးအောင်မင်း (UPWC ဒုဥက္ကဋ္ဌနှင့်ပြည်ထောင်စုဝန်ကြီး-ငြိမ်း)    (၁၀ မိနစ်)

          (၂)      ဦးသိန်းဇော် (UPWC ဒုဥက္ကဋ္ဌနှင့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)    (၇ မိနစ်)

          (၃)      ဦးထွန်းထွန်းဦး (ပြည်ထောင်စုရှေ့နေချုပ်-ငြိမ်း)                  (၇ မိနစ်)

          (၄)      ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး (ကစထ ၁ မှူး-ငြိမ်း)                  (၇ မိနစ်)

          (၅)     ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ကစထ ၄ မှူး- ငြိမ်း)  (၇ မိနစ်)

          (၆)     ဦးစိုင်းအိုက်ပေါင်း (NCA အသိသက်သေ)                       (၇ မိနစ်)

(စ)     အစီအစဉ်()။     ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစမှ NCA စာချုပ်ဖြစ်ပေါ်လာသည်အထိ ကိုယ် တိုင် ပါဝင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်း ဆောင်ကြီးများ၊ NCA လက်မှတ်ရေးထိုးပွဲ၌ ပါဝင်ခဲ့ကြသော ခေါင်းဆောင် ကြီးများ၊ NCA-S EAO ကိုယ်စားလှယ်များက NCA အထိမ်းအမှတ် အမှတ်တရစကားများ ပြောကြားခြင်း-

          (၁)   ခိုင်စိုးနိုင်အောင် (ALP)                                       (၇ မိနစ်)

          (၂)    ဖြားတန် ခွန်ဥက္ကာ (PNLO နာယက)                  (၇ မိနစ်)

          (၃)   ပဒိုရွှေမောင်း (KNU)                                         (၇ မိနစ်)

          (၄)   ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)                   (၅ မိနစ်)

          (၅)   ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)         (၅ မိနစ်)

          (၆)   KNU/KNLA ငြိမ်းချမ်းရေးကောင်စီ                      (၅ မိနစ်)

          (၇)   လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)             (၅ မိနစ်)

          (၈)   မွန်ပြည်သစ်ပါတီ(NMSP)                                  (၅ မိနစ်)

          (၉)   ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)(၅ မိနစ်)

          (၁၀)   သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)    (၅ မိနစ်)

(ဆ)    အစီအစဉ်()။     အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီမှ NCA အထိမ်းအမှတ်စကား ပြောကြားခြင်း –

          (၁)      ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် (ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာ) (၅ မိနစ်)

          (၂)      ဦးခင်မောင်ရီ (ပြည်ထောင်စုဝန်ကြီး၊ သယံဇာတ/ပတ်ဝန်းကျင်)      (၅ မိနစ်)

          (၃)      ဦးမြင့်ကြိုင် (ပြည်ထောင်စုဝန်ကြီး၊ လူဝင်မှု)    (၅ မိနစ်)

          (၄)      ဦးလှမောင်ရွှေ (MPC အကြံပေး/ ညှိနှိုင်းရေးကော်မတီဝင်)  (၅ မိနစ်)

(ဇ)     အစီအစဉ်()။     ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) မှ NCA အထိမ်းအမှတ်စကား ပြောကြားခြင်း-

          (၁)      ဦးပြည့်စုံ (အဖွဲ့ဝင်၊ JMC-U)   (၅ မိနစ်)

          (၂)      ဦးမောင်မောင်ငြိမ်း (အဖွဲ့ဝင်၊ JMC-U)         (၅ မိနစ်)

          (၃)      စိုင်းမျိုးသန့် (အဖွဲ့ဝင်၊ JMC-U)         (၅ မိနစ်)

(ဈ)     အစီအစဉ်()။     ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း။

(ည)    အစီအစဉ်(၁၀)။   တွေ့ဆုံပွဲအစီအစဉ်ပြီးမြောက်ခြင်းနှင့် အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခြင်း။

(ဋ)      အစီအစဉ်(၁၁)။   နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခြင်း။