NCA လက်မှတ်ရေးထိုးခြင်းအခမ်းအနား(၁၅-၁၀-၂၀၁၅)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်းအခမ်းအနား (၁၅-၁၀-၂၀၁၅)

         တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်းအခမ်းအနားအား ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂) ၌ ကျင်းပပြလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကိုယ်စား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတများဖြစ်ကြသည့် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ အဖွဲ့ဝင် သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော် တို့ကလည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၈)ဖွဲ့ကိုယ်စား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ဗိုလ်ချုပ်ကြီး စောဂျော်နီနှင့် ပဒိုစောကွယ်ထူးဝင်း၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ ဗိုလ်ချုပ်ကြီး စောလားပွယ်၊ ဒုတိယဗိုလ်ချုပ်ကြီး စောမိုရှေးနှင့် ဗိုလ်မှူးစောစိန်ဝင်း၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)မှ ဗိုလ်ချုပ်ကြီး စောဌေးမောင်၊ ဒုတိယဗိုလ်ချုပ်ကြီး စောထော့လေးနှင့် ဗိုလ်ချုပ် စောရင်နု၊ ချင်းအမျိုးသားတပ်ဦး (CNF)မှ ပူးနန်လျန်ထန်၊ ပူးဇင်ကျုံးနှင့် ဗိုလ်မှူးချုပ် ဟရန်သင်ထိုက်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ ခွန်မြင့်ထွန်း၊ ဗိုလ်မှူးကြီး ခွန်သူရိန်နှင့် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) မှ ရဲဘော်သံခဲ၊ ရဲဘော် မျိုးဝင်းနှင့် ရဲဘော် ရဲထွတ်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ခိုင်စိုးနိုင်အောင်၊ ဗိုလ်မှူးချုပ် ခိုင်ထွန်းဝင်းနှင့် စောမြရာဇာလင်း၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)မှ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဗိုလ်မှူးချုပ် ဘောင်ခေးနှင့် ဗိုလ်မှူးကြီး စိုင်းလတို့ကလည်းကောင်း၊ ပြည်တွင်းအသိသက်သေများအဖြစ် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီအဖွဲ့ဝင် ဦးခင်အောင်မြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီးများဖြစ်ကြသည့် ဦးဇော်အေးမောင်၊ ဦးစောထွန်းအောင်မြင့်နှင့် ဦးခွန်သန်းမြင့်၊ နိုင်ငံရေးပါတီများမှ ဦးဌေးဦး၊ ဦးတင်နိုင်သိန်း၊ ဦးခင်မောင်ဆွေ၊ ဦးသန်းတင်၊ ဦးစိုင်းအိုက်ပေါင်း၊ ဦးဇိုဇမ်၊ ဒေါ်ချင်းချင်း၊ ဦးစောသိန်းအောင်၊ ဦးစောဒယ်နီယယ်နှင့် ဒေါ်သန်းသန်းနု၊ NCA စာချုပ်ညှိနှိုင်းရာတွင် ပါဝင်ခဲ့သူများဖြစ်ကြသည့် ဦးသက်နိုင်ဝင်း၊ ဦးခင်ရီ၊  ဦးမြင့်စိုး၊ ဦးခင်ဇော်ဦးနှင့် ဦးသန်းဌေး၊ နှစ်ဖက်မှသက်သေများအဖြစ် ဦးကိုကိုကြီးနှင့် ဦးမြအေးတို့ကလည်းကောင်း၊ နိုင်ငံတကာအသိသက်သေများအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နိုင်ငံခြားရေးရာဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang ၊ အိန္ဒိယသမ္မတနိုင်ငံမှ နိုင်ငံတော်လုံခြုံရေးဆိုင်ရာအကြံပေး H.E Shri Ajit Kumar Doval ၊ ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Mr. Yohei SASAKAWA၊ ထိုင်းနိုင်ငံမှ နိုင်ငံခြားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် H.E. Mr. Apichart Chinwanno ၊ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr. Roland Kobia ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး H.E. Mr. Vijay Nambiar တို့ကလည်းကောင်း ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါသည်။

မှီငြမ်းကိုးကား။         တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)