အခမ်းအနားကျင်းပသည့်နေ့ရက်၊ အချိန်၊ နေရာ
၁။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် ၆ နှစ်မြောက် NCA နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အား နံနက် (၀၉:၀၀) နာရီအချိန်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့မှ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတက်ရောက်သူများ
၂။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားအား အောက်ပါအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်-
(က) ညှိနှိုင်းရေးကော်မတီဘက်မှတက်ရောက်သူများ ၁၃ ဦး
(၁) ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်
(၂) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်
(၃) ဦးခင်မောင်ရီ၊ ပြည်ထောင်စုဝန်ကြီး
(၄) ဦးခင်ရီ၊ ပြည်ထောင်စုဝန်ကြီး
(၅) ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း
(၆) ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်
(၇) ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်
(၈) ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်
(၉) ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း
(၁၀) ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)(Online)
(၁၁) ဗိုလ်မှူးကြီး မင်းဟိန်း
(၁၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင်
(၁၃) ဦးလှမောင်ရွှေ(Online)
(ခ) NCA-S EAOs ဘက်မှ တက်ရောက်သူများ ၁၅ ဦး
(၁) စောစတီး (စစ်ဦးစီးချုပ်အဆင့်၊ DKBA)
(၂) စောကျော်သန်းဌေး (ဆက်ဆံရေးဌာနမှူး၊ DKBA)
(၃) ဒေါက်တာနော်ကပေါ်ထူး (ဒုတိယဥက္ကဋ္ဌ၊ KNU/KNLA-PC)
(၄) စောမူးအယ်ဝါး (အတွင်းရေးမှူး-၁၊ KNU/KNLA-PC)
(၅) ဒေါ်စောမြရာဇာလင်း (ဒုတိယဥက္ကဋ္ဌ-၃၊ ALP)
(၆) ခိုင်ကျော်လှိုင် (ဗဟိုကော်မတီဝင်၊ ALP)
(၇) စောခင်သန်းမူ (အရံဗဟိုကော်မတီဝင်၊ ALP)
(၈) ဦးမင်းဇော် (ဗဟိုအလုပ်အမှုဆောင်၊ ABSDF)
(၉) စိုင်းကောင်း (ဗဟိုဦးစီးကော်မတီဝင်၊ RCSS)
(၁၀) နန်းစံဖောင်း (ဗဟိုဦးစီးကော်မတီဝင်၊ RCSS)
(၁၁) နန်းမိုးမိုးစော (ဗဟိုဦးစီးကော်မတီဝင်၊ RCSS)
(၁၂) ဦးခွန်ဆိုင်း (အကြံပေး၊ RCSS)
(၁၃) ခွန်ဥက္ကာ (နာယက၊ PNLO)(Online)
(၁၄) နိုင်ဇေယျ (အထွေထွေအတွင်းရေးမှူး၊ NMSP)(Online)
(၁၅) ကျာယာကုပ် (တွဲဖက်အတွင်းရေးမှူး-၂၊ LDU)(Online)
(ဂ) NCA-S EAOs အထောက်အကူပြုများ ၇ ဦး
စုစုပေါင်း ၃၅ ဦး
နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပခြင်း အစီအစဉ်
၃။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)(၆)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားအား အောက်ပါအစီအစဉ်များအတိုင်း ဆောင်ရွက်ခဲ့ပါသည်-
(က) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏(၆)နှစ်မြောက် NCA နှစ်ပတ်လည်နေ့ မိန့်ခွန်း ပြောကြားခြင်း၊(Pre-recorded Message)
(ခ) အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌက (၆)နှစ်မြောက် NCA နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှာစကားပြောကြားခြင်း၊
(ဂ) NCA-S EAOs များမှ NCA အထိမ်းအမှတ် စကားများ ပြောကြားခြင်း၊
– ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)
– ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)
– ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)
– မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)
– သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)
– ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)(Online)
– မွန်ပြည်သစ်ပါတီ(NMSP)(Online)
– လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)(Online)
(ဃ) ညှိနှိုင်းရေးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများက NCA နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စကားများ ပြောကြားခြင်း၊
– နယ်စပ်ရေးရာဝန်ကြီးဌာန
– သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
– လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
(င) အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ၊ ညှိနှိုင်းရေး ကော်မတီဝင်များမှ NCA ဆွေးနွေးမှု အမှတ်တရစကားများပြောကြားခြင်း-
– လုပ်ငန်းကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)(Online)
– ညှိနှိုင်းရေးကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်
– ညှိနှိုင်းရေးကော်မတီဝင် ဦးလှမောင်ရွှေ(Online)
(စ) တွေ့ဆုံပွဲအစီအစဉ် ပြီးမြောက်ခြင်းနှင့် အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း၊
– ညှိနှိုင်းရေးကော်မတီနှင့် NCA-S EAOs ခေါင်းဆောင်(၅)ဦး ရိုက်ကူးခြင်း။
– ညှိနှိုင်းရေးကော်မတီနှင့် NCA-S EAO ကိုယ်စားလှယ်များရိုက်ကူးခြင်း။
(ဆ) နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခြင်း။